စပိန်တွင် ဆေးခြောက်ကီလိုဂရမ် နှစ်သောင်းခွဲကျော် တွေ့ရှိပြီး လူခြောက်ဦးအား ဖမ်းဆီး

စပိန်တွင် ဆေးခြောက်ကီလိုဂရမ် နှစ်သောင်းခွဲကျော် တွေ့ရှိပြီး လူခြောက်ဦးအား ဖမ်းဆီး

မက်ဒရစ်၊ မေ ၁၄ ။           ။ စပိန်နိုင်ငံတောင်ပိုင်းတွင် ကုန်လှောင်ရုံတစ်ခုအတွင်း ဆေးခြောက် ၂၅၈၀ ကီလိုဂရမ်အား တွေ့ရှိပြီး လူခြောက်ဦးကို ဖမ်းဆီးထားကြောင်း ရဲနှင့် နိုင်ငံ၏ အခွန်အေဂျင်စီက မေ ၁၄ ရက်တွင် ပြောသည်။

ဂွါဒဲလ်ကွီဗားမြစ်တစ်လျှောက် သံသယဖြစ်ဖွယ် စက်လှေတစ်စီးကို ထောက်လှမ်းရပြီးနောက် ပြည်သူ့လုံခြံုရေးအစောင့်တပ်ဖွဲ့နှင့် အခွန်အေဂျင်စီတို့က မေ ၅ ရက်တွင် ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ယာဉ်သုံးစင်းတွင် ခွဲတင်၍ ဆီးလ်ဗေးပြည်နယ် လီဘရီဂျာမြို့က ကုန်လှောင်ရုံသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း ခြေရာကောက်နိုင်ရာမှ ယခုကဲ့သို့ ဆေးခြောက်များ ဖမ်းဆီးရမိကာ ခြောက်ဦးကိုလည်း ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်။

အဆိုပါ ကုန်လှောင်ရုံအတွင်း ဆေးခြောက်ထုပ်ပေါင်း ရ၈ ထုပ်ကို တွေ့ရှိသကဲ့သို့ ခိုးယူထားသည့် ကားတစ်စီးကိုပါ သိမ်းဆည်းရမိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly