အိန္ဒိယမှာ မုန်တိုင်း ထပ်မံတိုက်ခတ်မှုကြောင့် လူပေါင်း ၄၂ ဦးထက်မနည်း သေဆုံး

အိန္ဒိယမှာ မုန်တိုင်း ထပ်မံတိုက်ခတ်မှုကြောင့် လူပေါင်း ၄၂ ဦးထက်မနည်း သေဆုံး

မေ ၁၄ ။          ။ အိန္ဒိယနိုင်ငံမှာ ယခုနောက်ဆုံး ၂၄ နာရီအတွင်း မုန်တိုင်းဝင်ပြီး လေပြင်းမုန်တိုင်း ကျရောက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၄၂ ဦးသေဆုံးပြီး အခြား ၄၇ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

ယခုအခါ နိုင်ငံတွင် ယခုလအတွင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂၀၀ နီးပါးထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ်တွင် ယမန်နေ့က မုန်တိုင်းကျရောက်ခဲ့ပြီး ၂၉ ဦးသေဆုံးကာ ၃၅ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း အိန္ဒိယအမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abhishek Shandilya က ပြောသည်။

 အဆိုပါ ပြည်နယ်သည် ပြီးခဲ့သည့် သီတင်းပတ်များကလည်း အဆိုးရွားဆုံး မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပြည်နယ်တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly