ဂါဇာ- အစ္စရေးနယ်စပ်တစ်လျှောက် ပဋိပက္ခတိုက်ပွဲများ ပေါ်ပေါက်၊ ပါလက်စတိုင်းနှစ်ဦးသေဆုံး

ဂါဇာ- အစ္စရေးနယ်စပ်တစ်လျှောက် ပဋိပက္ခတိုက်ပွဲများ ပေါ်ပေါက်၊ ပါလက်စတိုင်းနှစ်ဦးသေဆုံး

မေ ၁၄ ။           ။ မေလ ၁၄ ရက်က ဂါဇာနယ်စပ်တစ်လျှောက် ပေါ်ပေါက်လာခဲ့သည့် ပဋိပက္ခ တိုက်ပွဲများအတွင်း အစ္စရေးတို့၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့ဖွင့်လှစ်မှု မတိုင်ခင် ယင်းကိစ္စနှင့်စပ်လျင်း၍ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အပြန်အလှန် တင်းမာနေလျက်ရှိပြီး ပဋိပက္ခတိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

ဂါဇာနယ်စပ်တစ်လျှောက် အပြန်အလှန် အချင်းများမှုများအတွင်း အသက် ၂၉ နှစ် နှင့် အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ဒဏ်ရာရသူ ၁၂ ဦးထိ ရှိနေသည်ဟု သိရသည်။

ဂျေရုဆလင်သို့ အမေရိကန်သံရုံး အငြင်းပွားဖွယ် ပြောင်းရွှေ့ ဖွင့်လှစ်မှု ကိစ္စနှင့်စပ်လျင်း၍ တင်းမာမှုများဖြစ်ပေါ်ကာ ယင်းနယ်စပ်တွင် ပါလက်စတိုင်းတို့ဘက်က ကျောက်ခဲများဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ချိန် အခြားတစ်ဘက်တွင်လည်း အစ္စရေး စနိုက်ပါသမားများက နေရာယူမှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly