လက်ဘနွန်တွင် အမှိုက်မသိမ်းသည့် အစိုးရကို ဆန္ဒပြလူအုပ် ဘေရွတ်မြို့သို့ စုရုံးရောက်ရှိလာ

လက်ဘနွန်တွင် အမှိုက်မသိမ်းသည့် အစိုးရကို ဆန္ဒပြလူအုပ် ဘေရွတ်မြို့သို့ စုရုံးရောက်ရှိလာ

လက်ဘနွန်အနှံ့တွင်အစိုးရက အခြေခံဝန်ဆောင်မှုဖြစ်သည့် အမှိုက်သိမ်းဆည်းကို မလုပ်ဆောင်ပေးခြင်းနှင့် အကျင့်ပျက်ခြစားမှုများကို စွပ်စွဲကာနိုင်ငံ အနံှ့ပေါ်ပေါက်နေသည့် ဆန္ဒပြသမှုများ သည်ဘေရွတ် မြို့သို့ စုရုံးလာလျက်ရှိနေပြီဖြစ်သည်။

နိုင်ငံတော်အလံကို ဝှေ့ယမ်းကိုင်ဆောင်လာသည့် ယောက်ကျားမိန်းမနှင့် ကလေးငယ်များအပါအဝင်က အာဇာနည်ရင်ပြင်သို့ စုရုံးရောက်ရှိလာသည်။

 You Stink ဟု အမည်ပေးထားသော လှုပ်ရှားမှုအား အစိုးရကို ဆန့်ကျင်ကာ ပြည်သူများက ဆန္ဒပြသကြခြင်းဖြစ်ပြီး နိုင်ငံတွင် အကြီးမားဆုံးဖြစ်ခဲ့သည့် လူစုလူဝေးစည်းလုံးမှုဖြစ်သည်။

နောက်ဆုံးဆန္ဒပြမှုသည် ဆန္ဒပြသူများနှင့် ရဲများကြား ထိပ်တိုက်တွေ့မှုများဖြစ်ကာ အကြမ်းဖက်မှုအသွင်ပြောင်းခဲ့သည်။

ဆန္ဒပြမှုများက နိုင်ငံ၏ အကြီးဆုံး ဖို့မြေအမှိုက်ပုံကို ဇူလိုင်လလယ်က ပိတ်ပစ်ပြီး နောက်ပိုင်း ဘေရွတ်မြို့တွင်းနှင့် မြို့ပြင်တို့တွင် အမှိုက်များစုပုံနေသော်လည်း အစိုးရက တာဝန်ယူ ရှင်းလင်းခြင်းမရှိရာမှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

Ref: ABC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly