ငြိမ်းချမ်းရေးအတွက် ကလေးမြို့တွင် ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

ငြိမ်းချမ်းရေးအတွက် ကလေးမြို့တွင် ချင်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

မေ ၁၄၊ တမူး ။          ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မေလ ၁၄ ရက် မနက်ပိုင်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ချင်းတိုင်းရင်းသားတွေက ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ဘေးရှောင်ကချင်တိုင်းရင်းသား တောတွင်းပိတ်မိသူများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ပင်လုံအောင်မြင်ရေး၊စစ်ပွဲတွေရပ်၊ တိုက်ပွဲကြား ပိတ်မိခံပြည်သူများ ဘေးကင်လုံခြံုသော နေရာသို့ လွတ်မြောက်ရေး စတဲ့ ဗီနိုင်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တောင်ဖီလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ တံတားဦးအထိ တစ်မိုင်နီးပါး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရတာနဲ့ ပက်သက်ပြီး ချင်းတိုင်းရင်းသား ဦးအုပ်လျှံက “ ကချင်တိုင်းရင်းသားတွေ တောတွင်းမှာ ပိတ်မိနေတယ်။ ဒုက္ခရောက်နေတယ်ကြားလို့ ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ခံစားရတယ်။ စိတ်မကောင်း ဖြစ်နေရတယ် သူတို့အတွက်။ သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံးကို ပြောတာပါ။ တပ်တစ်ခုတည်းကို မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဆိုပါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို ချင်းတိုင်းရင်းသား ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အဖွဲ့က ဦးဆောင်ပြုလုပ်ကာ လူ (၁၀၀) နီးပါးက ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ကလေးမြို့မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly