ပြီးပြည့်စုံသည့် ဘောလုံးရာသီဖြစ်ခဲ့ဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

ပြီးပြည့်စုံသည့် ဘောလုံးရာသီဖြစ်ခဲ့ဟု မန်စီးတီးနည်းပြဂွာဒီယိုလာပြော

မေ ၁၄၊ မန်ချက်စတာ။           ။ တစ်ရာသီအတွင်း ရမှတ် ၁၀၀ ရယူနိုင်ခဲ့သည့် ပထမဆုံးအဆင့်မြင့်တန်းအသင်းဖြစ်လာပြီးနောက် မန်စီးတီးအသင်း၏ ဘောလုံးရာသီမှာ ပြီးပြည့်စုံသည့်ရာသီဖြစ်ခဲ့သည်ဟု နည်းပြဂွာဒီယိုလာက ပြောသည်။

ပွဲပြီးခါနီး ထပ်ဆောင်းအချိန်ပိုတွင် ဂျေဆူး၏သွင်းဂိုးက မန်စီးတီးအသင်းကို သမိုင်းတွင်သွားစေခဲ့သည်။ ဂုဏ်ယူနေသည့် နည်းပြဂွာဒီယိုလာက “ဒီရာသီမှာ အရာအားလုံးပြီးပြည့်စုံခဲ့ပြီး ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်း အဆုံးသတ်နိုင်ခဲ့တယ်။

ကျွန်တော် အခုထိ မယုံနိုင်သေးဘူး။ ပရီးမီးယားလိဂ်၊ အမှတ် ၁၀၀ တဲ့။ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ အမှတ် ၁၀၀ ဆိုတာ အများကြီးပဲ။ အိမ်ကွင်းမှာ ၅၀၊ အဝေးကွင်းမှာ ၅၀ ဆိုတော့ ဒီရာသီမှာ ကျွန်တော်တို့ ဘယ်လောက်တည်ငြိမ်ပြီး ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာကို ပြနေတာပဲ”ဟု ပြောသည်။

မန်စီးတီးအသင်းတစ်ရာသီလုံးရရှိခဲ့သည့် ဂိုးကွာခြားချက် ရ၉ ဂိုးမှာ ပရီးမီးယားလိဂ်စံချိန်သစ်ဖြစ်ခဲ့သည်။ မန်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ဆောက်သမ်တန်အသင်းသည်လည်း တန်းဆင်းရမည့်အရေးမှလွတ်ကင်းခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly