အီရတ်ဝန်ကြီးချုပ်၏ ပြိုင်ဖက်များ ရွေးကောက်ပွဲတွင် အရေးသာနေ

အီရတ်ဝန်ကြီးချုပ်၏ ပြိုင်ဖက်များ ရွေးကောက်ပွဲတွင် အရေးသာနေ

ဘဂ္ဂဒက်၊ မေ ၁၄ ။                      ။ အီရတ်ရွေးကောက်ပွဲ၌ တစ်စိတ်တစ်ပိုင်း ရေတွက်ပြီး မဲရလဒ်တွင် ၀န်ကြီးချုပ် အဘာဒီ ပါတီ၏ ပြိုင်ဖက်မဟာမိတ်ပါတီက အရေးသာလျက် ရှိနေသည်။

အများစုမဲများ ရေတွက်ပြီးထားရာ ရလဒ််တွင် ရှီယိုက်ဘာသာရေးခေါင်းဆောင် မိုတာဒါဆတ်နှင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးတို့က ထိပ်က ဦးဆောင်နေကြောင်း မဲရုံတာဝန်ရှိသူများက ပြောသည်။

၀န်ကြီးချုပ်  အဘာဒီ၏ ညွန့်ပေါင်းပါတီမှာ တတိယနေရာတွင် ရှိနေသည်ဟု ၎င်းတို့က ပြောသည်။

ယခု ရွေးကောက်ပွဲသည် ပြီးခဲ့သည့်နှစ်က အိုင်အက်စ်တို့အား တိုက်ခိုက်အောင်မြင်သည်ဟု အစိုးရက ကြေညာပြီးနောက် ပထမဆုံးကျင်းပသော ရွေးကောက်ပွဲလည်း ဖြစ်သည်။

တရားဝင် မဲရလဒ် အပြည့်အစုံကို မေ ၁၄ ရက် နှောင်းပိုင်းတွင် ကြေညာရန် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly