အင်ဒိုနီးရှားတွင် ရဲဌာနချုပ်အား အသေခံဗုံး ဖောက်ခွဲ

အင်ဒိုနီးရှားတွင် ရဲဌာနချုပ်အား အသေခံဗုံး ဖောက်ခွဲ

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံး ဆူရာဘာယာမြို့တွင် ပြီးခဲ့သည့် မေ ၁၃ ရက်က ခရစ်ယာန်ဘုရားကျောင်းများအား အသေခံဗုံးဖောက်ခွဲမှုများ ဖြစ်ပွား၍ လူပေါင်း ၁၄ ဦး သေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရပြီး နောက်တစ်နေ့ဖြစ်သော မေ ၁၄ ရက်တွင် ရဲဌာနချုပ်အား အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားပြန်သည်။

မော်တော်ဆိုင်ကယ်ဖြင့် စစ်သွေးကြွနှစ်ဦးက အသေခံဖောက်ခွဲခြင်းဖြစ်ပြီး ရဲတစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

အခင်းဖြစ်ရာရှိ စီစီတီဗီမြင်ကွင်းအရ လုံခြံုရေးဂိတ်၌ လာရောက်ရပ်သည့် မော်တော်ဆိုင်ကယ်ပေါ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့ရကြောင်း အရှေ့ဂျာဗားရဲဌာန ပြောခွင့်ရသူ ဖရန့်ဘာရန်းက ဆိုသည်။

“အဲဒီအချိန်မှာ ပေါက်ကွဲမှုဖြစ်တာပါ။”ဟု ၎င်းက ပြောသည်။

“သူတို့နှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာတာ။ အမျိုးသမီးက အနောက်မှာ ထိုင်နေတာဖြစ်တယ်။”ဟု လတ်တလော သိရှိရသလောက် အခြေအနေအား ဖရန့်ဘာရန်းက ပြောခဲသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်တွင် ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းများ အပြင်ဖက်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ယခုအပတ်တွင် ဥပုသ်ကာလစတင်မည့် ကမ္ဘာ့အကြီးဆုံးမွတ်စလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် အစွန်းရောက်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများဖြစ်ပွားလာနိုင်သည်ဟု ခြိမ်းခြောက်ခံရနေရချိန်တွင် ယခုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly