စစ်ပွဲရပ်တန့်ရေးဆန္ဒပြရာမှ အဖမ်းခံရသူများ အာမခံရ

စစ်ပွဲရပ်တန့်ရေးဆန္ဒပြရာမှ အဖမ်းခံရသူများ အာမခံရ
Photo-Thinzar Shunlei Yi

မေ ၁၃ ။            ။ စစ်ပွဲတွေရပ်တန့်ပေးဖို့ ခွင့်ပြုချက်မရပဲ ဆန္ဒပြရာကနေ အဖမ်းခံရတဲ့သူတွေကို ဗဟန်း ရဲစခန်းကနေ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။ ပုဒ်မ၂၀အရ တရားစွဲလိုက်ပြီးတဲ့နောက် အာမခံပေးလိုက်တာပါ။ မေလ ၁၂ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့၊ တာမွေအဝိုင်းထိပ်မှာ ပြည်တွင်းစစ်ပွဲတွေ ရပ်တန့်ရေးအတွက် လူအင်အား ရဝ လောက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က တားဆီးခဲ့တာကြောင့် ဆန္ဒပြသူတွေက လူစုခွဲနေချိန်မှာပဲ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

 ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဇေယျာလွင်၊ ကိုဖိုးစိုး၊ ကိုတင်ထွဋ်ပိုင်အပါအဝင် ရှစ်ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဆင်သင့်ရှိနေတဲ့ ကားနဲ့ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၆၈ဝဝ ကျော်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မေလ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ပွဲတွေကြောင့် တနိုင်း၊ ဖားကန့်နဲ့ အနီးအနားက ပြည်သူတွေ ဒုက္ခသည်အဖြစ်နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ပိတ်မိနေသူတွေကိုတော့ အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကယ်ထုတ်ပေးနေကြပါတယ်။

အခုလို ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေးနဲ့  စစ်ပွဲတွေ ရပ်တန့်ရေးအတွက် မေလဆန်းက နေစပြီး ရန်ကုန်၊ မန္တလေး၊ ပြည်နဲ့ မြင်းခြံမြို့တွေမှာ ငြိမ်းချမ်းတွေအတွက် ဆန္ဒပြတာတွေ၊ ကဗျာရွတ်တာတွေ၊ အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။

ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်ဦးဆောင်ခဲ့တဲ့သူတွေကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ဖမ်းဆီးတရားစွဲထားတာဟာ  ာ စုစုပေါင်း ၁၉ ဦးလောက်ရှိနေပြီးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly