ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး လှုပ်ရှားမှု “ နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲပြုလုပ်

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး လှုပ်ရှားမှု “ နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲပြုလုပ်

မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစုစည်းတည်ရှိရာ ပုဂံဒေသအား ကမ္ဘာ့့အမွေ အနှစ်စာရင်း ဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှုအဖြစ် “ နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲကို ယနေ့ မေလ ၁၃ နေ့တွင် ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ ပုဂံဒေသ၏ အလှပုံရိပ်များအား ပုံဖော်ရိုက်ကူးထားသည့် “ နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲကို ရန်ကုန်၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

ဓာတ်ပုံပြပွဲကို ယနေ့ မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၃ ရက်ကြာပြသသွားမည်ဖြစ်ပြီး မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီထိ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ဝဝ ကျော်၊ ၉ဝဝ လောက်ကတည်းက ရှိခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ ကျွန်တော်တို့လက်ထဲမှာ ရောက်ရှိလို့လာပါတယ်။ ဒါတွေကိုကျွန်တော်တို့ နောင်မျိုးဆက် တွေကို လက်ဆင့်ကမ်းပေးဖို့ဟာအတွက် နောက်ထပ် ၈ဝဝ၊ ၁ဝဝဝ တည်ရှိဖို့လိုသလို၊ ကမ္ဘာတည် သရွေ့ဒီ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အမြန်ဆုံး စောင့်ရှောက်နိုင် ဟာအတွက် မြန်မာ့အဆင့်ကနေ ကမ္ဘာ့အဆင့်ထိ ထိန်းသိမ်းမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ရေရှည် ကမ္ဘာတည်သရွေ့တည်တံ့နိုင်အောင် ကမ္ဘာ့အမွေအနှစ်စာရင်းကိုတင်သွားဖို့ ဒါကြိုးစားဆောင်ရွက်ကြခြင်း လည်းဖြစ်ပါတယ်”ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။

အဆိုပါ ဓာတ်ပုံပြပွဲတွင် ဓာတ်ပုံဆရာ ၁ဝဝ ကျော်၏ ဓာတ်ပုံကားပေါင်း ၂ဝဝ ကျော်ပြသထားသည့်အပြင် စေတီပုထိုးများအား သရီးဒီဖြင့် ရိုက်ကူးထားသည့် ရုပ်သံများ၊ ယခင်က ရှိခဲ့သည့် ရှေးခေတ်ဓာတ်ပုံများ ကိုလည်း ပရိုဂျက်တာများဖြင့် ပြသထားသည်။

“ နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲမှ ဓာတ်ပုံများရောင်းရသည့်ငွေများကို ရှေးဟောင်းယဉ်ကျေးမှု ပုဂံလက် ရာများ ထိန်းသိမ်းနိုင်ရန်အတွက် မေတ္တာမိုးပရဟိတအသင်းမှ တဆင့်ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မေလ ၁၃ ရက်နေ့ ပထမဆုံး ဓာတ်ပုံပြပွဲသို့ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင် တက်ရောက်ခဲ့ကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly