၀န်ကြီးချုပ်နှုတ်ထွက်ရေး တောင်းဆိုလျက်ရှိသည့် မလေးရှားဆန္ဒပြပွဲ ဒုတိယနေ့မြောက်လာ

၀န်ကြီးချုပ်နှုတ်ထွက်ရေး တောင်းဆိုလျက်ရှိသည့် မလေးရှားဆန္ဒပြပွဲ ဒုတိယနေ့မြောက်လာ

မလေးရှားနိုင်ငံ ကူလာလမ်ပူမြို့တော်တွင် ဝန်ကြီးချုပ် နာဂျစ်ရာဇက်အား ငွေကြေးအရှုပ်အရှင်းကြောင့် နှုတ်ထွက်ရန်တောင်းဆိုဆန္ဒပြမှုသည် ပြည်သူထောင်ပေါင်းများစွာက ဒုတိယနေ့မြောက်အဖြစ် ဆက်လက်ဆန္ဒပြမည်ဖြစ်သည်။

သြဂုတ် ၂၉ ရက်က ဆန္ဒပြပွဲတွင် ဆန္ဒပြသမှုက တရားမဝင်ဟု ပြောထားသည့် ရဲများကို မမှုဘဲ ပြည်သူထောင်ပေါင်းများစွာက ဆန္ဒပြကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ်နာဂျစ်၏ ဘဏ်အကောင့်တွင် နိုင်ငံခြားသားအလှုရှင်တစ်ဦး၏ ဒေါ်လာ သန်း ၇၀၀ ပေးသွင်းထားသည့်ကိစ္စအပေါ် ဆန္ဒပြသူများက စိတ်ဆိုးဒေါသထွက်ခဲ့ကြခြင်းဖြစ်သည်။

နာဂျစ်က ၎င်းအနေဖြင့် မည်သည့်အမှားမျှ ကျုးလွန်းခြင်းမရှိကြောင်း၊ ဆန္ဒပြသူများက မလေးရှားနိုင်ငံ၏ ပုံရိပ်ကို ညှိးနွမ်းအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။

ယမန်နေ့ သြဂုတ် ၂၉ ရက်က ဆန္ဒပြသမှုတွင် လူပေါင်း ၂၅၀၀၀ ကျော်ခန့်ရှိကြောင်း ရဲက ခန့်မှန်းထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly