နီကာရာဂွါတွင် ဆန္ဒပြသူများအား တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၄၈ ရှိဦးအထိ ရှိလာ

နီကာရာဂွါတွင် ဆန္ဒပြသူများအား တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၄၈ ရှိဦးအထိ ရှိလာ

 

မာနာဂွါ၊ မေ ၁၂ ။           ။ နီကာရာဂွါနိုင်ငံတွင် ဒန်နီယယ်အော်တီဂါအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများကို  တိုက်ခိုက်မှုများ အရှိန်မြင့်လာခဲ့ရာ သေဆုံးသူဦးရေသည် မေ ၁၁ ရက်တွင် ၄၈ ဦးအထိ ရှိသွားကြောင်း နီကာရာဂါွ လူ့အခွင့်အရေးစင်တာက ထုတ်ပြန်သည်။

အရှေ့ပိုင်း မာနာဂွါမြို့ဝန်းကျင်တွင် မေ ၁၀ ရက်ညမှ မေ ၁၁ ရက် နံနက်ပိုင်းအထိ တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း ဖြစ်ကာ ယင်းအရပ်ရှိ တက္ကသိုလ်ကို အစိုးရအား ဆန္ဒပြသည့် ကျောင်းသားများအတွက် ဒုက္ခသည်ခိုလှုံစခန်းအဖြစ် လက်ရှိတွင် အသုံးပြုထားသည်။

နိုင်ငံ၏ အကြီးဆုံးဖြစ်သော National Autonomous တက္ကသိုလ်ဝန်းကျင်တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းတက္ကသိုလ်အဆောက်အအုံကိုလည်း ကျောင်းသားများအတွက် ယာယီခိုလှုံရေးစခန်းများ ဖွင့်ထားသည်။

ထိုသို့ ဆန္ဒပြသူများ တိုက်ခိုက်ခံနေရသည့် အကြောင်းများ သိရှိလာပြီးနောက်တွင် လူအများက တက္ကသိုလ်များကို ကားများ၊ မော်တော်ဆိုင်ကယ်များ၊ လူချည်းသက်သက်ဖြင့်လည်းကောင်း စုပေါင်းကာ ၀ိုင်းရံပြီး ရဲနှင့် လုံခြံုရေးတပ်များအား ဆန့်ကျင်ကာ အတားအဆီးသဖွယ် ၀ိုင်းရံထားကြသည်။

လူမှုလုံခြံုရေးပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်ကန့်ကွက်ရာမှ သမ္မတ အော်တီဂါကို ထောက်ခံသူနှင့် ကန့်ကွက်သူများ အပြိုင်အဆိုင် ဆန္ဒပြကြရာမှ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်မှာ မေ ၁၁ ရက်သည် ၂၄ ရက် မြောက်ဖြစ်သည်။

အစိုးရအနေဖြင့် အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်ရုပ်သိမ်းသော်လည်း အစိုးရ၏ ဖြိုခွင်းမှုများအတွင်း လူများ သေဆုံးရခြင်းကြောင့် ဆန္ဒပြမှုများက လက်ရှိအထိ ဆက်လက်ဖြစ်ပွားနေခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly