အိုင်အက်စ်စစ်ပွဲနောက်ပိုင်း အီရတ်တွင် ပထမဆုံးနိုင်ငံအနှံ့ ရွေးကောက်ပွဲများ စတင်

အိုင်အက်စ်စစ်ပွဲနောက်ပိုင်း အီရတ်တွင် ပထမဆုံးနိုင်ငံအနှံ့ ရွေးကောက်ပွဲများ စတင်

ဘဂ္ဂဒက်၊ မေ ၁၂ ။        ။ အိုင်အက်စ်အုပ်စုအား တိုက်ခိုက်အောင်နိုင်ကြောင်း ကြေညာပြီးနောက်ပိုင်း အီရတ်နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေး မျှော်လင့်ချက်များဖြင့် ပထမဆုံး ပါလီမန်ရွေးကောက်ပွဲများကို မေ ၁၂ ရက်တွင် စတင်ကျင်းပပြီ ဖြစ်သည်။

တိုက်ပွဲများဖြင့် အနိုင်ပန်းထားပြီးဖြစ်သော်လည်း ဂျီဟတ်တို့၏ အဓိကခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ရာ တင်းကြပ်စွာ ချထားသည့် လုံခြံုရေးအောက်တွင် မဲဆန္ဒရှင် ပြည်သူ ၂၄ ဒဿမ ၅ သန်းနီးပါးက  မဲရုံများတွင် မဲပေးကြသည်။

ယခု ရွေးကောက်ပွဲမဲပေးမှုသည် အီရန်နျူကလီးယားသဘောတူညီမှုမှ နုတ်ထွက်သွားခြင်းကြောင့် အမေရိကန်နှင့် အီရန်နိုင်ငံတို့ တင်းမာမှု အရှိန်မြင့်နေစဉ် ကျင်းပသော ရွေးကောက်ပွဲလည်း ဖြစ်ပြီး အီရတ်နိုင်ငံအတွင်း မတည်ငြိမ်သည့် နိုင်ငံရေးအတွက် စိုးရိမ်မှုများ ဖြစ်ပွားစေသည်။

အိုင်အက်စ်တို့အား တိုက်ထုတ်ပြီး ငါးလအကြာ မဲဆန္ဒနယ်ရှင်များမှာလည်း လူများစု ရှီယိုက်များ အကွဲအပြဲ၊ ကာ့ဒ်အုပ်စုများက ဖရိုဖရဲဖြစ်ကာ ဆွန်နီများမှာလည်း ပြင်ပန်းရောက်အခြေအနေမျိုးဖြင့် ရှိနေသည့် ရွေးကောက်ပွဲနှင့် ရင်ဆိုင်ရခြင်းပဲ ဖြစ်သည်။

“လုံခြံုရေး၊ စီးပွားရေးတည်ငြိမ်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ကျွန်တော် မဲပေးတာပါ။”ဟု အလုပ်သမားတစ်ဦးဖြစ်သည့် အလီဖာမီက ဆိုသည်။

၀န်ကြီးချုပ် အဘာဒီက ဂျီဟတ်များကို တိုက်ဖျက်သွားမည် အာမခံကာ နောက်ထပ်သက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly