ကရင်ပြည်နယ်တွင် (၄၅)ကြိမ်မြောက် ဒူးရင်းသီးအလှူပွဲတော်ကို ရွာ ၅ ရွာ စုပေါင်းကျင်းပ

ကရင်ပြည်နယ်တွင် (၄၅)ကြိမ်မြောက် ဒူးရင်းသီးအလှူပွဲတော်ကို ရွာ ၅ ရွာ စုပေါင်းကျင်းပ
ဓာတ်ပုံ - (ဒေါနအောင်တိုး)

 

မေ ၁၂ ။         ။ ကရင်ပြည်နယ်၊  လောင်းကိုင် (၅)ရွာစုပေါင်းပြီး ဒူးရင်းသီးကို အဓိကထားလှူဒါန်းသော (၄၅)ကြိမ်မြောက် သစ်သီးဆွမ်းအလှူပွဲတော်ကို လောင်းကိုင်ကျောင်းတိုက်ဓမ္မာရုံတွင် မေလ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပခဲ့သော သစ်သီးဆွမ်းအလှူပွဲကိုလောင်းကိုင်ကျေးရွာ၊ နောင်တလာကျေးရွာ၊ကော့ဖေါင်းကျေးရွာ၊ ကမော့ကသူကျေးရွာ၊ မိတလန်းနိုင်ကျေးရွာများ  စုပေါင်းပြီး ပေါ်ဦးပေါ်ဖျား သစ်သီးများကို လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

 ဒူးရင်းသီး၊ ကြက်မောက်သီး၊နာနတ်သီး၊သံပုရာသီး၊ ရည်ငန်းသီး၊ ကနစိုးသီး၊ မင်းဂွတ်သီး စသည့်ခြံထွက်သီးနှံများကို ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်များအားဆက်ကပ်လှူဒါန်းပြီး သီးနှံများ၏ကျေးဇူးရှင်ဘိုးဘေး များအား ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြသည်။

''အဓိကဦးစားပေးလှူဒါန်းတဲ့အသီးကတော့လောင်းကိုင်းစံပြကျေးရွားကြီးရဲ့ကျေးရွာထွက်/ခြံထွက် ဒူးရင်းသီးများဖြစ်ပြီး ရွာသူရွာသားတိုင်းလိုလို ဒူးရင်ခြံကိုယ့်စီးကိုယ့်ငှ ပိုင်ဆိုင်ကြသဖြင့် ဒူးရင်းသီးပွဲတော်ကျရောက်သောအခါသမယတွင် ကရင်လူမျိုးများရဲ့ပင်ကိုဗီဇ အရ အလှူအတန်းရက်ရောပြီး သဒါ္ဒတရားထက်သန်စွာဖြင့်တတ်အားသရွေ့လှူ ဒါန်းကြတယ်" ဟု  လောင်းကိုင်းကျေးရဲ့အပျို /လူပျို အဖွဲ့မှ နော်အေးအေးသန်းက ပြောသည်။

တက်ရောက်လာသော ဧည့်ပရိသတ်များအတွက် ကျေးရွာ(၅)ရွာအပြင် ဖားကျကျေးရွာမှ ဒူးရင်းသီးများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ကျေးရွာများမှ စုပေါင်းလှူဒါန်းသော ဒူးရင်းသီးများမှာ အလုံး (၁၅၀၀၀)ကျော်ရှိကြောင်း၊ တက်ရောက်လာ ပရိသတ်များအတွက် ဓမ္မာရုံထဲတွင်ပုဂံများနှင့်ကျွေးမွေးခဲ့ကြသည်။

သို့ရာတွင် ယခုနှစ်တွင် ယခုနှစ်တက်ရောက်လာသော လူ ၁ သောင်းကျော် တက်ရောက်ခဲ့ကြသဖြင့် ဒူးရင်းသီးမလောက်ငှသဖြင့် ထမင်း/ဟင်းများဖြင့် ဆက်လက်ဧည့်ခံခဲ့ရကြောင်း၊ ဒေသခံများထံမှ သိရသည်။

နောက်နှစ်များတွင်လည်း လာရောက်သူများအတွက် လောက်ငှအောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက  ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly