အမေရိကန်လေယာဉ်တင်သင်္ဘော Truman အိုင်အက်စ် ချေမှုန်းရေးတာဝန် ပြန်လည်ထမ်းဆောင်

အမေရိကန်လေယာဉ်တင်သင်္ဘော Truman အိုင်အက်စ် ချေမှုန်းရေးတာဝန် ပြန်လည်ထမ်းဆောင်

 

မေ ၁၂ ။       ။ ဆီးရီးယားရှိ အိုင်အက်စ် အကြမ်းဖက်အုပ်စု နှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း ပါ၀င်ထောက်ပံ့အားဖြည့်ရန်အတွက် အမေရိကန် ရေတပ်မှ လေယာဉ်တင်သင်္ဘောကြီး Harry S. Truman (ဟယ်ရီ အက်စ် ထရူးမင်း) မှာ ယခုအခါ မြေထဲပင်လယ်အရှေ့ခြမ်းသို့ ရောက်ရှိနေပြီး ယင်း၏ စစ်ရေးတာဝန်များကို ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

၃၃ ဦးမြောက် အမေရိကန်သမ္မတ၏ အမည်ကို ဂုဏ်ပြုပေးထားသည့် အဆိုပါ အလေးချိန် တန်ချိန် ၉၅,၀၀၀ ရှိ လေယာဉ်တင်သင်္ဘောကြီးသည် ယခုအခါ ဆီးရီးယားနိုင်ငံ၏ မိုင်ထောင်ပေါင်းများစွာဝေးကွာသော ပင်လယ်ပြင်တွင် နေရာယူထားလျက်ရှိသည်။

" တစ်နှစ်တာ လေ့ကျင့်မှုတွေ ဆောင်ရွက်ပြီး ခုလို တာဝန်တွေ ပြန်ယူရတဲ့အတွက် ၀မ်းမြောက်မိပါတယ်" ဆိုပြီး လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု၏ တပ်မှူး ရေတပ်ဗိုလ်ချုပ် Gene Black က ပြောသည်။

ပြီးခဲ့သည့် ဧပြီလက ဗာဂျီးနီးယားပြည်နယ် Norfolk မှ ထွက်ခွာခုတ်မောင်းလာခဲ့သည့် လေယာဉ်တင်သင်္ဘော Truman သည် ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးအပေါ် ထောက်ပံ့ပေးနေလျက်ရှိသည်။

အဆိုပါတာဝန်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က နောက်ဆုံးပါ၀င်တာဝန်ယူထားခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly