ကျောင်းကြို/ပို့ ယာဉ်များ ပြေးဆွဲရန် ယာဉ်မောင်းနှင့် ယာဉ်ကြီး ကြပ်အမျိုးသမီးများ ခေါ်ယူ

ကျောင်းကြို/ပို့ ယာဉ်များ ပြေးဆွဲရန် ယာဉ်မောင်းနှင့် ယာဉ်ကြီး ကြပ်အမျိုးသမီးများ ခေါ်ယူ
ဓာတ်ပုံ - သူရ

 

မေ ၁၂ ။      ။  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ကြီးကြပ်မှု အောက်တွင် ကျောင်းကြို/ပို့ ယာဉ်များ ပြေးဆွဲရန် ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ် အမျိုးသမီးများ ကို ခေါ်ယူလျက်ရှိကြောင်းသိရသည်။

ယာဉ်မောင်းများမှာ အသက် ၃၀မှ ၅၅နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးလျောက်ထားနိုင်ပြီး ယာဉ် ကြီးကြပ်အတွက် အမျိုးသမီးများသာလျောက်ထားနိုင်မည် ဖြစ်ကြောင်း YRTA (ရုံးချုပ်)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“ယာဉ်မောင်းက အမျိုးသားရော အမျိုးသမီးပါ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံရင်လျောက်လို့ရပါ တယ်။ ယာဉ်ကြီးကြပ်ကတော့ အမျိုးသမီးပါဘဲ။ ကျောင်းကားတွေကတော့ နံပါတ်(အနီ)နဲ့ ထွက်လာ မှာ ဖြစ်တဲ့အတွက် အနည်းဆုံး “ဃ” လိုင်စင်တော့ ရှိဖို့လိုပါတယ်” ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ကျောင်းကြို/ပို့ယာဉ် အစီးရေ ၂၀၀ ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင်ရှိသော ကျောင်းများအတွက် ယာဉ်လိုအပ်ချက်ပေါ်မူတည်ပြီး ပြေးဆွဲနိုင်အောင် စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ်အမျိုးသမီးများသည် ပညာအရည်အချင်း အနည်းဆုံး ရတန်း အောင်မြင်ရမည်ဖြစ်ပြီး ယာဉ်မောင်းသူ လိုင်စင် အနိမ့်ဆုံး “ဃ” လိုင်စင် ရှိရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly