မူဆယ်တိုက်ပွဲ ၁၉ ယောက်သေ၊ ၂၇ ယောက် ဒဏ်ရာရ

မူဆယ်တိုက်ပွဲ ၁၉ ယောက်သေ၊ ၂၇ ယောက် ဒဏ်ရာရ
ဓာတ်ပုံ - Zaw Htay facebook

ရန်ကုန် ၊ မေ ၁၂ ။       ။ မူဆယ်မြို့တွင်း၌ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တပ်မတော်တို့  ယနေ့ မေလ ၁၂ ရက်နေ့ နံနက်တွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု   ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၉ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းက မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

ဒုရဲအုပ်တစ်ဦး၊ပြည်သူ့စစ်လေးဦးနှင့် အရပ်သား၁၄ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

"အားလုံးသေဆုံးသွားတာက ၁၉ ယောက်ရှိပါတယ်။ ဒဏ်ရာရတဲ့သူက ၂၇ ယောက်ရှိတယ်။ ၂၅ ယောက်ကို မူဆယ်ဆေးရုံမှာ တင်ပြီးကုသနေပါတယ်။ ၂ ယောက်ကတော့ အခြေအနေဆိုးလို့   ရွှေလီဆေးရုံ ပို့ထားတာရှိတယ်" ဟု စိုင်းကျော်သိန်းကဆိုသည်။

လက်ရှိအခြေအနေတွင် တိုက်ပွဲများ ရပ်တန့်သွားပြီးဖြစ်သော်လည်း မြို့ပေါ်နေပြည်သူများအနေဖြင့် ထိတ်လန့်နေသောကြောင့် မြို့ပေါ်မှာ အသွားအလာမရှိဘဲ   ခြောက်ကပ်နေသည်ဟု   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသလို မဇ္စျိမအနေဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း   ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly