အင်ဒိုနီးရှားတွင် ထရမ့်ကို ရှုတ်ချပြီး ပါလက်စတိုင်းကို ထောက်ခံကာ လူထောင်ပေါင်းများစွာ စုရုံးဆန္ဒဖော်ထုတ်

အင်ဒိုနီးရှားတွင် ထရမ့်ကို ရှုတ်ချပြီး ပါလက်စတိုင်းကို ထောက်ခံကာ လူထောင်ပေါင်းများစွာ စုရုံးဆန္ဒဖော်ထုတ်

ဂျကာတာ၊ မေ ၁၁ ။          ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် အမျိုးသားအထိမ်းအမှတ်နေရာတွင် လူထောင်ပေါင်းများစွာက စုရုံးပြီး အမေရိကန်ကို ဆန့်ကျင်ကာ ပါလက်စတိုင်းအား ထောက်ခံလျက် ဆန္ဒဖော်ထုတ်ကြသည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့သည့် သမ္မတထရမ့်၏ လုပ်ဆောင်ချက်ကို ရှုတ်ချပြီး ပါလက်စတိုင်းဖက်က ရပ်တည်ထောက်ခံကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အချိန်များအတွင်း အကြီးဆုံးဆန္ဒဖော်ထုတ်မှုဖြစ်သည့် ယခုစုရုံးမှုတွင် ဆန္ဒပြသူများက "ကျွန်တော်တို့ ဘုရားသခင်အတွက် အတူတကွ ရပ်တည်တိုက်ပွဲဝင်ကြစို့။"နှင့် "ထရမ့်ထံမှ ဂျေရုဆလင်ကို ကယ်တင်ကြ။"စသော စာတမ်းများကို ကိုင်စွဲထားကြသည်။

ငြိမ်းချမ်းစွာဖြင့် ယခုဆန္ဒပြမှုတွင် လူအများက ကိုအာန်ကျမ်းအား ရွတ်ဖတ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းနှင့် ဂါဇာကမ်းမြောင်တွင် မတ် ၃၀ ရက်က စတင်ဖြစ်ပွားသော ပါလက်စတိုင်းဒုက္ခသည်များ နေရပ်ပြန်ရေး လှုပ်ရှားဆန္ဒပြမှုများကို ထောက်ခံခြင်းများ လုပ်ဆောင်ကြသည်။

အစ္စရေးနှင့် ထိပ်တိုက်တွေ့နေသော  ပါလက်စတိုင်းတို့၏ နေရပ်ပြန်ရေး လှုပ်ရှားဆန္ဒပြမှုများသည် ဂျေရုဆလင်သို့ အမေရိကန်သံရုံး ရွှေ့ပြောင်းဖွယ် ရှိသည့် လာမည့်သီတင်းပတ်အထိ ဆက်လက်ဖြစ်ပွားနေနိုင်သည်။

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုကလည်း မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူတို့၏ ကြိုးစားရုန်ကန်မှုများကို ဆက်လက်ကာ ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags