MTV သီချင်းတစ်ပုဒ်မှာ ပါ၀င်သရုပ်ဆောင်ဖြစ်တဲ့အကြောင်း ပြောပြခဲ့တဲ့ ရဝေအောင်

MTV သီချင်းတစ်ပုဒ်မှာ ပါ၀င်သရုပ်ဆောင်ဖြစ်တဲ့အကြောင်း ပြောပြခဲ့တဲ့ ရဝေအောင်
Photo-Do You Know Song

မေ ၁၁ ၊ ရန်ကုန် ။           ။ သရုပ်ဆောင်ရဝေအောင်ဟာ လတ်တလော အွန်လိုင်း ပေါ်မှာ ထွက်ရှိထားတဲ့ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်ရဲ့ရဲ့ “Do You Know " သီချင်းမှာ ကိုယ်ကြိုက်တဲ့ပုံစံမျိုးပါနေတဲ့အတွက် ပါ၀င်ဖြစ်တာပါလို့ ပြောပါတယ်။

" ညီလေးဖိုးလပြည့်က ဒါလေး ရိုက်စရာရှိတယ်။ ကိုရဝေကတော့ အနုပညာလုပ်ငန်းကို နားထားတယ် ။ ဒါပေမယ့် သူတို့က ဒါလေးကူညီပေးပါဆိုတာနဲ့ ရိုက်ဖြစ်လိုက်တာပါ။ သူရဲ့ ရိုက်ချက်လေးတွေကလည်း တခြားအပုဒ်တွေ ကိုယ်ကြည့်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ ပုံစံမျိုး ပါတယ်လေ၊ အဲ့တော့ ပါ၀င်ပြီးသရုပ်ဆောင်ဖြစ်တာပါလို့ " ရဝေအောင်က ပြောပါတယ်။

သူပါ၀င်သရုပ်ဆောင်ထားတဲ့ “Do You Know " သီချင်း MTV လေးအပေါ်အမြင်ကို ရဝေအောင်က ထပ်မံ ပြောပြခဲ့ပါတယ်။

" ကောင်းပါတယ်၊ဘာလို့လဲဆိုတော့ အကုန်လုံးကသူ့အပိုင်းလေးနဲ့သူပေါ့နော်၊ပြီးတော့ သူရဲ့အရှေ့က တခြားအပုဒ်တွေဆိုတာလည်း သေချာလေးရိုက်ထားတာဆိုတော့ ရိုက်ချက်တွေကအစ သဘောကျတဲ့အတွက် ကိုရဝေ အဲ့သီချင်းမှာ ပါ၀င်ပြီးကူညီဖြစ်တာပါ။ "လို့ သူက ပြောပါတယ်။

အနုပညာလှုပ်ရှားမှုတွေ ငြိမ်နေပေမယ့် တီဗီမှာ ကိုယ်ဇာတ်ကားတွေပြန်လာတဲ့အခါကြရင် ပရိသတ်တွေကို လွမ်းမိတယ်လို့ ရဝေအောင်က ပြောပါတယ်။

" တွေ့ရင်ပြောကြတယ်၊ နယ်တွေသွားတဲ့အခါကြရင် ပရိသတ်က ကိုရဝေကို မှတ်မိတယ်ပေါ့၊ အဲ့လိုမှတ်မိတော့ ကိုယ်က သူတို့အပေါ်တာဝန်မကျေသလိုဖြစ်တယ်။  ကိုရဝေရဲ့ဇာတ်ကားတွေ ပြန်လွှင့်တဲ့အခါကြရင် ပရိသတ်ကို လွမ်းမိတယ် " လို့ သရုပ်ဆောင် ရဝေအောင်ကပြောပါတယ်။

အနုပညာလုပ်ငန်းတွေမလုပ်တာ ငါးနှစ်ကျော်လောက်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ရဝေအောင်ကတော့ မိဘကျန်းမာရေးနဲ့ စီးပွားရေးကို ဂရုစိုက်လုပ်နေတာကြောင့် အနုပညာလုပ်ငန်းတွေဆက်မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။

" မလုပ်ဘဲ နေရတာက အဓိက က မိဘကျန်းမာရေးပေါ့၊ အမေကိုကျန်းမာရေး ပြုစုစောင့်ရှောက်ပေးတဲ့ နောက်ပိုင်းမှာ အဖေ့ကျန်းမာရေးကို ပြုုစုစောင့်ရှောက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စီးပွားရေးပေါ့၊ ကိုယ့်အရွယ်လည်း ရလာပြီဖြစ်တဲ့အတွက် စီးပွားရေးလေးကိုလုပ်ဖြစ်တာပါ။ ဟိုတလောကတော့ စီးရီးကားတွေ ရိုက်ဖို့လာခေါ်ပါတယ်။ ဒါပေမယ့် ကိုယ့်အလုပ်ကလည်း ခရီးထွက်ရတဲ့အပိုင်းဖြစ်တာဆိုတော့ မရိုက်ဖြစ်လိုက်ပါ ဘူး " လို့ သရုပ်ဆောင် ရဝေအောင်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly