အောက်တို်ဘာလတွင် လက်ထပ်တော့မည့် မင်းသမီး ကင်ဘင်ဝူ

အောက်တို်ဘာလတွင် လက်ထပ်တော့မည့် မင်းသမီး ကင်ဘင်ဝူ

ဆိုးလ်၊ သြဂုတ် ၂၉ ။          ။ တောင်ကိုရီးယားမင်းသမီး ကင်ဘင်ဝူသည် အောက်တိုဘာ ၁၁ ရက်တွင် လက်ထပ်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင်းနှင့် ကင်ဘင်ဝူ၏ အေဂျင်စီ  Koen Stars ကပြောသည်။

ကင်ဘင်ဝူနှင့် ၎င်း၏ချစ်သူသည် လွန်ခဲ့သည့်သုံးနှစ်က သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့်သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ယခုအခါ လက်ထပ်တော့ မည်ဖြစ်ကြောင်းအေဂျင်စီ ကဆိုသည်။

ကင်ဘင်ဝူ၏ ခင်ပွန်းလောင်းသည် ၎င်းထက် တစ်နှစ်ငယ်ပြီး လက်ရှိအချိန်တွင် စီးပွားရေး မန်နေဂျာတစ်ဦး ဖြစ်သည်။ ကင်ဘင်ဝူတို့စုံတွဲသည် မင်္ဂလာပွဲကို Shilla Seoul ဟိုတယ်တွင် ကျင်းပသွား မည်ဖြစ်ကြောင်းနှင့် အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များကိုသာ ဖိတ်ကြားကာ မင်္ဂလာပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ဆိုသည်။

“ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့တာ အချိန်တိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အကောင်းဆုံး ပြေလည်အောင် နေသွားမှာပါ။ ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ ဘဝလေးကို တည်ဆောက် သွားမှာပါ” ဟု ကင်ဘင်ဝူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly