ယိုအာအင်၊ လီဆောင်ဂီ နှင့် လီမင်ဟို တို့ လာမည့်နှစ်တွင် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ရတော့မည်

ယိုအာအင်၊ လီဆောင်ဂီ နှင့် လီမင်ဟို တို့ လာမည့်နှစ်တွင် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ရတော့မည်

တောင်ကိုရီးယား မင်းသားများဖြစ်သော ယိုအင်အာ၊ လီဆောင်ဂီနှင့် လီမင်ဟိုတို့သည် လာမည့်နှစ်တွင် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်းနှင့် ယခုအခါ စစ်မှု ထမ်းတာဝန်များ မထမ်းဆောင်ရခင် အနုပညာလုပ်ငန်းများကို အပြီးသတ်ရန် အပူတပြင်း လုပ်ဆောင်လျက် ရှိသည်။

ယိုအင်အာသည် ဒါရိုက်တာ ရုဆောင်ဝန် ရိုက်ကူးသော ရာဇဝတ်မှု ဇာတ်ကား Veteran တွင် ဗီလိန်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။ အဆိုပါ ဇာတ်ကားသည် ကြည့်ရှုသူ ၉ ဒသမ ၅ သန်းရှိခဲ့ပြီး ယခုသီတင်းပတ်ကုန်တွင် ကြည့်ရှုသူ ၁၀ သန်း ရှိမည်ဟု မျှော်မှန်းထားသည်။

ယိုသည် လက်ရှိအချိန်တွင် အောက်တိုဘာလတွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားသော SBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား  Six Flying Dragons ဇာတ်ကားနှင့် ဒါရိုက်တာ ပက်ခ်ဟေဂျင် ရိုက်ကူး သော Happy Facebook ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိကြောင်း အေဂျင်စီက ပြောကြား သည်။

“မကြာမီတွင် ရုပ်ရှင်ရိုက်ကူးမှုတွေ ပြီးဆုံးတော့မှာပါ။ ဒါပေမဲ့ Six Flying Dragons ဇာတ်ကားဟာ အပိုင်း ၅၀ ရှိတဲ့ ဒရမ်မာဇာတ်ကား ဖြစ်ပါတယ်။ ဒါကြောင့်ဒီဇာတ်ကားရိုက်ကူးမှုဟာ မတ်လ ဒါမှမဟုတ် ဧပြီလဆန်းအထိ ရိုက်ကူးသွားရနိုင်ပါတယ်” ဟု အေဂျင်စီက ပြောသည်။

လီဆောင်ဂီသည် လက်ရှိအချိန်တွင် Marital Harmony ဇာတ်ကားတွင် ခေါင်းဆောင်မင်း သားနေရာမှ ပါဝင်ရိုက်ကူးလျက် ရှိသည်။

“ လီမင်ဟိုဟာ လက်ရှိအချိန်တွင် ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန်အတွက် စဉ်းစား လျက် ရှိပါတယ်” ဟု လီ၏ အေဂျင်စီက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly