ဂျက်စ်ဂလင်နာ၏ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ် ဗြိတိန်တေးသီချင်း အယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှရပ်တည်

ဂျက်စ်ဂလင်နာ၏ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ် ဗြိတိန်တေးသီချင်း အယ်လ်ဘမ် ဇယားတွင် ထိပ်ဆုံးမှရပ်တည်

နယူးယော့ခ်၊ သြဂုတ် ၂၉ ။       ။ ဗြိတိန်အဆိုတော် ဂျက်ဆီဂလင်နာသည်  I Cry When I Laugh ပွဲဦးထွက် တေးသီချင်း အယ်လ်ဘမ်ဖြင့် ဗြိတိန်တေးသီချင်း အယ်လ်ဘမ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည် လျက် ရှိသည်။

“ ယခုလို ဗြိတိန်တေးအယ်လ်ဘမ် ဇယားမှာ ထိပ်ဆုံးက ရပ်တည်ခွင့်ရတယ်၊ ဗြိတိန်ပရိသတ် တွေက တေးသီချင်းအယ်လ်ဘမ် တစ်ခုလုံးကို လက်ခံအားပေးတဲ့အတွက် အရမ်းကို ပျော်ရွှင် မိပါ တယ်” ဟု ဂလင်နာက ပြောသည်။

ဂလင်နာ၏ နံပါတ်တစ်နေရာတွင် ရပ်တည်နေသော တေးသီချင်းအယ်လ်ဘမ်သည် အချပ်ရေ ၆၀,၀၀၀ ရောင်းချခဲ့ရသည်။ “ ကျွန်မ ဒီတေးသီချင်း အယ်လ်ဘမ်အတွက် အရမ်းကို ဂုဏ်ယူမိပါ တယ်။တေး အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ တေးသီချင်းတွေကို  ကျွန်မ အကုန်ကြိုက်ပါတယ်” ဟု ဂလင်နာက ပြောကြားသည်။

Fight Song သီချင်းအဆိုတော် ရက်ချဲလ်ပလက်တန်က “ ဗြိတိန် တစ်ကိုယ်တော် တေးသီ ချင်းဇယားမှာ ထိပ်ဆုံးမှ ရပ်တည်နေတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြား သည်။ Fight Song တေးသီချင်းသည် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် နှင့် ဘယ်လ်ဂျီယမ် နိုင်ငံတို့တွင် ယခုအချိန်ထိ ထိပ်တန်း ၁၀ နေရာတွင် ရပ်တည်လျက် ရှိသည်။

“ ဒါဟာ ကျွန်မအတွက်တော့ အရမ်းကို အံအားသင့်မိပါတယ်။ ဒီသီချင်းကို ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်မှာ ရေးသားခဲ့တာပါ။ ဒီသီချင်းဟာ ကျွန်မ အိပ်မက်တွေကို အကောင်အထည်ဖော် ပေးခဲ့တယ်” ဟု ပလက်တန်က Official Charts ကုမ္ပဏီကို ပြောကြားသည်။

ကာလ်ဗင်ဟာရစ်နှင့် Disciples အဖွဲ့တို့ သီဆိုထားသော How Deep Is Your Love  တေးသီ ချင်းသည် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး နားထောင်သူ ၂ ဒသမ ၄၄ သန်းဖြင့် ဗြိတိန် ၏တေးသီချင်း ဇယားတွင် သီတင်းပတ် သုံးပတ်ကြာ ရပ်တည်လျက်ရှိသည်။

အဆိုတော် The Weeknd ၏ တေးသီးချင်း Can’t Feel My Face တေးသီချင်းသည် ယခု သီတင်းပတ်က နံပါတ် ၆ နေရာတွင် ရပ်တည်နေပြီး ယခုသီတင်းပတ်အတွင်း ကြည့်ရှုသူ ၂ ဒသမ ၁၈ သန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly