ဘေဘီပွင့် (Baby Pwint) ဆိုတဲ့ တေးစီးရီးသစ်ကို စတင်မိတ်ဆက်လာတဲ့ ပွင့်

ဘေဘီပွင့် (Baby Pwint) ဆိုတဲ့ တေးစီးရီးသစ်ကို စတင်မိတ်ဆက်လာတဲ့ ပွင့်

ရန်ကုန် မေ ၁၀ ။     ။ သရုပ်ဆောင်ပွင့်က ဘေဘီပွင့် (Baby Pwint)လို့ အမည် ပေးထားတဲ့ တေးစီးရီးသစ်ကို မိတ်ဆက်ပေးလိုက်ပါ တယ်။

ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ မေလ ၁၀ ရက်နေ့၊ နေ့လည်ပိုင်းက ပွင့်ရဲ့ တေးစီးရီးကို စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။

အပြင်မှာ ကလေးဆန်ဆန်နေတတ်ပြီး တစ်ဦးတည်းသော သမီးဖြစ်တဲ့အတွက် ဒီစီးရီးထဲမှာပါတဲ့ ဘေဘီပွင့် (Baby Pwint) ဆိုတဲ့သီချင်းလေးက လိုက်ဖက်တဲ့အတွက် ဒီ ခေါင်းစဉ်လေး ပေးထားတာလို့ ပွင့်က ဆိုပါတယ်။

" ဒီအခွေထဲမှာ ကိုဆလိုင်းက ၂ ပုဒ်ရေးပေးထားပါတယ်၊ တစ်ပုဒ်က ဘေဘီပွင့်ပေါ့၊ ကိုဆလိုင်းက ပြောတယ်၊ ညီမလေးက ဒီသီချင်းနဲ့အရမ်းလိုက်တယ်၊ အပြင်မှာဆို ပွင့်က ကလေးဆန်တယ်၊ စိတ်ထဲမှာ ဘာမှ မထားတတ်ဘူး၊ စကားပြောလည်း အရမ်းပွင့်လင်းတယ်၊ သွက်တယ်လေ၊ ဒီသီချင်းလေးက ပွင့်ရဲ့ဘဝလေးကို ရေးထားတာပါ၊ ပရိသတ်တွေကို ပျော်ရွှင်မှုပေးတဲ့အနုပညာရှင်တစ် ယောက်နဲ့ အပြင်က ပွင့်ရဲ့စရိုက်ကို ရေးထားတဲ့ သီချင်း လေး၊ အပြင်မှာလည်း ပွင့်က ကလေးဆန်ဆန်လေး ချွဲ ပြီး နေတတ်တာ" လို့ ပွင့်က ပြောပါတယ်။

ဒီတေးစီးရီးဟာ ပွင့်ရဲ့ပထမဆုံးတေးစီးရီးဖြစ်ပြီး ဒီတေး စီးရီးထဲက တေးသီချင်းတွေကို သဟာအောင်၊ ဟဲလေး၊ နောင်နောင်(SF)၊ ရွှေဂျော်ဂျော်၊ ဆလိုင်း၊ ညီမင်းခိုင်၊ ဝေကြီးနဲ့ မောင်သီတို့က ရေးသားထားပြီး အချစ်သီချင်း မြူးမြူးကြွကြွလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

" ပွင့်နဲ့က သီချင်းတစ်ပုဒ်ပေးပြီးတဲ့နောက်ပိုင်း မောင်နှမ အရင်းတွေလိုဖြစ်သွားတာလည်းပါတယ်၊ ပြီးတော့ ထူး ထူးခြားခြား သီချင်းတစ်ပုဒ်လည်း ဝင်ဆိုပေးထားတယ်၊ အများဆုံးပဲ ကျွန်တော်ရေးပေးထားတာ ၄ ပုဒ်တောင် ရေး ပေးထားတာ" လို့ တေးရေးဆရာ ဝေကြီးကလည်း ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ တေးသီချင်း ၁၂ ပုဒ်ပါဝင်ပြီး လာမယ့် မေလ ၁၈ ရက်နေ့မှာ BO BO Music production ကနေ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ စတင်ဖြန့်ချိတဲ့ မေလ ၁၈ ရက်နေ့မှာပဲ တေးစီးရီး ပရိုမိုးရှင်းပွဲကိုလည်း ရန်ကုန်လှည်းတန်းစင်တာမှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly