မြောက်ဦးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား ၁,၃၀၀ ကျော် နေရာ အခက်အခဲရှိပြီး ကျောင်းသုံးပစ္စည်းများ လိုအပ်နေ

မြောက်ဦးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား ၁,၃၀၀ ကျော် နေရာ အခက်အခဲရှိပြီး ကျောင်းသုံးပစ္စည်းများ လိုအပ်နေ

မြောက်ဦး၊ သြဂုတ် ၂၉ ။          ။ မြောက်ဦးမြို့နယ်တွင် ဘုန်းကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁,၃၉၇ ဦးမှာ ကျောင်းတက်ရန် နေရာအခက်အခဲ ရှိနေကြပြီး စာအုပ် ၊ဘောပင်များ မှာလည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ဘုန်းကြီးသင်ပညာရေးကျောင်း ၁၁ ကျောင်းရှိပြီး အချို့ကျောင်းများမှာ ရေနစ်မြုပ်မှုကို ခံခဲ့ရပြီး စာသင်ကြားရန် ကျောင်းဆောင်များနှင့် ကျောင်းသုံး စာရေးကရိယာများ လိုအပ်နေသည်ဟု အလယ်ဈေးရပ်ကွက်၊ မာရ်ရှင်းတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာတော် ဦးဉာဏ က မိန့်ကြားသည်။

ဆရာတော်က " ကျောင်းဆောင်တွေ ရေနစ်ခဲ့တာကြောင့် ကလေးတွေကို စာသင်ကြားရတာ မှာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်" ဟု မိန့်သည်။

လက်ရှိတွင် ရှိသော စာသင်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ မမျှတဖြစ်နေ သောကြောင့် စေတနာရှင်၊ အလှူရှင်များက ဝိုင်းဝန်းကူပံ့ပေးကြရန် ဆင်ချဆိပ်ရပ်ကွက်ရှိ ရတနာ တေဇာရမ္မ ဘ.က ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလက နှိုးဆော်ထားသည်။

ရခိုင်ပြည်နယ် ပညာရေးဌာန၏ ကူပံ့မှုများမှာလည်း ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း အတွက် မပါဝင်ကြောင်း၊ ယင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို ပညာပါရမီဖြည့် ပေးကြရန် ဆင်ချဆိပ်ရပ်ကွက်ရှိ ပညာရာမိက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဆရာတော် အရှင်ပညာသိရီ က မိန့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly