နာဂဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များအား လူမှုဝန်ထမ်းမှ ကျပ်သန်း ၂၀၀ ကျော် ထောက်ပ့ံ

နာဂဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များအား လူမှုဝန်ထမ်းမှ ကျပ်သန်း ၂၀၀ ကျော် ထောက်ပ့ံ
(ဓာတ်ပုံ- Sagaing Regional Information Page)

မုံရွာ၊ မေလ ၈ ။                   ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက်အရွယ် ကလေးများအား ကျပ်သန်း ၂၀၀ ကျော် ထောက်ပ့ံခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ ထောက်ပ့ံခြင်း ဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် အရွယ်ကလေးငယ်များအား လစဉ် ၁၅၀၀၀ ကျပ်အား ၃လ တစ်ကြိမ် ကူညီထောက်ပ့ံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နာဂဒေသမှာရှိတဲ့ ကလေးတွေ မိခင်တွေ ကိုယ်ဝန်ဆောင်တွေဟာ အဟာရစံနှုန်းက အရမ်းနိမ့်ပါတယ်။ ဒါ့ကြောင့်မို့ အဟာရအတွက်ရည်ရွယ်ပြီး ကူညီထောက်ပ့ံခဲ့တာဖြစ်ပါတယ်။" ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

ယင်းသို့ ၃ လတစ်ကြိမ် ထောက်ပ့ံခဲ့သဖြင့် ၂၀၁၇-၁၈ဘဏ္ဍာနှစ်က ၄ ကြိမ် ထောက်ပ့ံနိုင်ရမည် ဖြစ်သော်လည်း ၃ ကြိမ်သာထောက်ပ့ံနိုင်ခဲ့ပြီး စုစုပေါင်း ၂၂၆ ဒသမ ၅၄၅ သန်း ကုန်ကျခံကာ ထောက်ပ့ံပေးခဲ့ခြင်းဖြစ်သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်း သုံးမြို့နယ်၌ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပထမအကြိမ်ထောက်ပ့ံရာတွင် ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ် တို့အတွက် ၅၃၅၀၅၀၀၀ ကျပ်အားလည်းကောင်း၊ ဒုတိယအကြိမ်တွင် ရ၁၈၆၅၀၀၀ ကျပ်အားလည်းေ ကာင်း၊ တတိယအကြိမ်တွင် ၁၀၁၁၇၅၀၀၀ ကျပ်အား လည်းကောင်း၊ ကူညီထောက်ပ့ံခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးတွင်လည်း ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင် လျှက်ရှိကြောင်း၊ သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ စစ်ကိုင်းတိုင်းအတွင်းရှိ အသက် ၉၀ နှင့်အထက် သက်ကြီးရွယ်အိုများကိုလည်း လူမှုရေးပင်စင်အဖြစ် လစဉ် တစ်သောင်းကျပ်အား သုံးလတစ်ကြိမ် ပေးအပ်ထောက်ပ့ံသွားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly