အာဆင်နယ်နည်းပြရာထူးကို အယ်လီဂရီစိတ်ဝင်စား

အာဆင်နယ်နည်းပြရာထူးကို အယ်လီဂရီစိတ်ဝင်စား

မေ ၈၊ လန်ဒန်။            ။ အာဆင်နယ်နည်းပြရာထူးကို ဂျူဗင်တပ်နည်းပြ မက်စ် အယ်လီဂရီက စိတ်ဝင်စားနေသည်။ အီတလီကလပ်အတွင်းလူများက အယ်လီဂရီဆက်နေမည်၊ ထွက်ခွာမည်မှာ ၅၀-၅၀ အနေအထားဟုယုံကြည်နေသော်လည်း အကယ်၍ ထွက်ခွာဖြစ်ပါက အာဆင်နယ်ကို ရွေးချယ်ဖွယ်ရှိနေသည်။

အာဆင်နယ်လိုချင်သည့်နည်းပြစာရင်းတွင် အယ်လီဂရီလည်းပါဝင်ပြီး အသင်း၏ စီမံခန့်ခွဲမှုပုံစံမှာ ဂျူဗင်တပ်၏ ပုံစံနှင့်ဆင်တူ သောကြောင့် အဆင်ပြေလိမ့်မည်ဟု အာဆင်နယ်က ယုံကြည်နေသည်။

အခွန်ဆောင်ပြီး ပေါင် ၁၅ သန်းလိုချင်နေသည့် ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်းနရစ်ထက်လည်း အယ်လီဂရီက ပိုသင့်တော်သည့်အခြေအနေတွင်ရှိနေသည်။

အန်းနရစ်မှာ ချယ်လ်ဆီးအသင်းကလိုချင်သည့် နည်းပြစာရင်းထဲတွင်လည်းပါဝင်နေသော်လည်း ချယ်လ်ဆီးက နာပိုလီနည်းပြ မက်ဇာရီကိုသာပိုစိတ်ဝင်စားနေသဖြင့် ယင်းအလုပ်ကိုလည်း လက်လွှတ်ရဖွယ်ရှိနေပြန်သည်။

စီးရီးအေဖလားရထားသည့် အယ်လီဂရီသည် အနာဂါတ်တွင် အင်္ဂလန်၌နည်းပြလုပ်လိုသည်ဟု ပြောဆိုထားပြီး ဂျူဗင်တပ်က ဗုဒ္ဓဟူးနေ့ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲတွင် စာချုပ်သစ်ဆွေးနွေးမည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly