ဘဂါင်္လီများအား ဦးစားပေးသည်ဟုဆိုသည့် ကန့်ကွက်ခဲ့မှုမှာ လက်ရှိအစိုးရကို အကျပ်တည်းဖြစ်စေရန်မဟုတ်ဟု ဆို

ဘဂါင်္လီများအား ဦးစားပေးသည်ဟုဆိုသည့် ကန့်ကွက်ခဲ့မှုမှာ လက်ရှိအစိုးရကို အကျပ်တည်းဖြစ်စေရန်မဟုတ်ဟု ဆို

နေပြည်တော် ၊ မေ ရ ။                        ။ ဘဂါင်္လီများအား ဦးစားပေးသည်ဟုဆိုကာ ကန့်ကွက်ရှုတ်ချခဲ့ခြင်းသည်လက်ရှိ အစိုးရကို အကျပ်အတည်း ဖြစ်စေရန်မဟုတ်ဘဲ လုပ်ရဲကိုင်ရဲအောင် ကြံ့ခိုင်ရေးပါတီအနေဖြင့် ကျောထောက်နောက်ခံပြုပေးသွားမည်ဟု ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက ပြောဆိုလိုက်သည်။

မေလ ရ ရက်ကနံနက်ပိုင်​းက ​နေပြည်​​တော်​​ကောင်​စီနယ်​​မြေ၊ ပျဉ်​းမနားမြို့ ၊ ​အောင်​မင်္ဂလာ (၁)လမ်​းထိပ်​ရှိ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင်​့ ဖွ့ံဖြိုး​ရေးပါတီရုံး၌ ပြုလုပ်သော “ ဘင်္ဂါလီများအား ဦးစား​ပေးခြင်​းကို ကန်​့ကွက်​ရှုတ်ချခြင်​း ” ဆိုသည့်ပွဲတွင် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတော်အစိုးရ လုပ်ရဲကိုင်ရဲအောင် ကျွန်မတို့ ပါတီတွေကနေပြီးတေ့ာ ကျောထောက်နောက်ခံ ပြုပေးသွား ပါမယ်။ ဒီနေ့လုပ်တဲ့ ပွဲဟာ အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်တဲ့ပွဲ မဟုတ်ပါဘူး။ အစိုးရက တစ်ဖက် က ဖိအားပေးနေတဲ့သူတွေကို ပြောရဲဆိုရဲအောင် ကျွန်မတို့ ရှိနေတယ်ဆိုတဲ့ အကြောင်း ပြပေးလိုက်တဲ့ ပွဲဖြစ်ပါတယ်” ဟု ဒေါ်ဝင်းဝင်းသီက ပြောသည်။

နိုင်ငံခြားသို့ ထွက်ပြေးပြီး ပြန်ဝင်လာမည့် ဘဂါင်္လီများကို တိုင်းရင်းသားများနဲ့ တန်းတူအခွင့်အရေး မပေးရန် အတွက် နိုင်ငံတော်အစိုးရကို တောင်းဆိုပြီး၊ အဆိုပါကဲ့သို့သော လုပ်ရပ်များ ရှိလာခဲ့လျှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီအနေဖြင့် ရှုတ်ချကြောင်း အဆိုပွဲတွင် ပြောခဲ့ကြသည်။

အဆိုပါပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်အင်အား ငါးဆယ်ကျော် တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပြည်သူများဒုက္ခရောက်စေမည့် ကိစ္စများရှိလာခဲ့လျှင်လည်း နိုင်ငံကိုချစ်သော တိုင်းရင်းသားများနှင့် အတူ ရှိနေမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောခဲ့သည်။

လက်ရှိအစိုးရအနေဖြင့် ငြင်းဆန်သင့်သည့်အရာအား ရဲရဲဝံ့ဝံ့ ပြန်လည်ငြင်းဆန်ပေးစေချင်ကြောင်း တိုက်တွန်း ပြောဆိုသွားသည်။

 “ အကြံဉာဏ်ပေးချင်းဆိုတာထက် အစိုးရကို နိုင်ငံတကာက ဖိအားပေးလာတဲ့ အချိန်ကျလို့ရှိရင် ဘယ်လို အချိန်၊ ဘယ်လိုအခါမှာပဲ ဖြစ်ဖြစ် ပြည်ခိုင်ဖြိုးသည် ပထမဦးဆုံးအစိုးရ သက်တမ်းကို တာဝန်ယူခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်မတို့ဆီမှာ အတွေ့အကြုံရှိတဲ့ အစိုးရလုပ်ဖူးတဲ့သူတွေရှိပါတယ်။ အဲ့ဒီအတွက် အဲ့ဒီသူတွေ အကြံဉာဏ်ကို ယူပြီးတော့ ပြည်ပကဖိအားတွေ အားလုံးကို ရဲရဲ ၀ံ့ဝ့ံ ပြန်လည်ပြီးတော့ ခုခံစေချင်တယ်။ ခေါင်းငြိမ့်သင့်တဲ့ဟာကို ခေါင်းငြိမ့်မယ်။ ငြင်းဆန်သင့်တဲ့ဟာကို ရဲရဲကြီး ငြင်းဆန်ပေးပါ။ အစိုးရကို ဒီနေရာကနေ ပါတီရဲ့ ကိုယ်စားတိုက်တွန်းချင်ပါတယ်” ဟု ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌက ပြောသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ပွဲကို ယခင်က ပျဉ်းမနားမြို့ှရှိ ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ပြည်သူလူထုများ အထိတ်တလန့်ဖြစ်သွားစေနိုင်ပြီး အဆိုပါနေရာသို့ သွားရောက်ရန် မီးပွိုင့်များလည်း ကျော်ရမည်ဖြစ်သည့်အတွက် ပြည်သူလူထု အခက်အခဲဖြစ်သွားစေမည် ဆိုးသည့်အတွက် ယခုကဲ့သို့ ပြည်ခိုင်ဖြိုးရုံးထဲတွင်သာ ပြုလုပ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ယခုကဲ့သို့ တိုင်းရင်းသားထက် ဘဂါင်္လီများအား ဦးစားပေးခြင်း ကို ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနားများကို မေလ ၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ လယ်ဝေးမြို့နှင့် တပ်ကုန်းမြို့များတွင်၄င်း၊ မေလ ၉ ရက်နေ့တွင် ဥတ္တရသီရိ မြို့နယ်ရှိ ရွှေနံ့သာဘောလုံးကွင်းတွင်လည်း နေပြည်တော်တစ်ခုလုံး၏ ကိုယ်စား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly