ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပါဝင်ကစားဖို့ ကြံ့ခိုင်မှုအတွက် စီရော်နယ်ဒိုစိုးရိမ်နေ

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပါဝင်ကစားဖို့ ကြံ့ခိုင်မှုအတွက် စီရော်နယ်ဒိုစိုးရိမ်နေ

စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ သူ့ရဲ့ကြံ့ခိုင်မှုအတွက်စိုးရိမ်နေတယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေညက ဘာစီလိုနာနဲ့ကစားခဲ့တဲ့ အယ်လ်ကလာဆီကိုပွဲစဉ် ပထမပိုင်းမှာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပွဲချိန် ၁၅ မိနစ်မှာ တစ်ဂိုးစီသရေဖြစ်စေမယ့် ချေပဂိုးကိုသွင်းယူစဉ်မှာ အနည်းငယ်ထိခိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကောင်းစွာမကစားနိုင်တော့တဲ့အတွက် ပထမပိုင်းအပြီးမှာ အဆန်ဆီရိုနဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲအပြီးမှာတာ့ ဇီဒန်းက ဒဏ်ရာပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ဆိုခဲ့ပေမယ့်လည်း သုံးပတ်အကြာမှာ ကိဗ်မှာကစားမယ့် လီဗာပူးလ်နဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်တော့   ရေရေရာရာပြောဆိုသွားခဲ့ခြင်းမရှိပါဘူး။

ဇီဒန်းက “နည်းနည်းပဲထိတာပါလို့တော့ ရော်နယ်ဒိုကပြောတယ်။ ဘယ်လောက်ထိသွားလဲဆိုတာတော့ မနက်ဖြန်မှကြည့်ရမှာပဲ။ ဘာမှမဖြစ်ပါဘူးလို့တော့ပြောနေပေမယ့် ဗိုလ်လုပွဲအတွက် သူလည်းစိုးရိမ်နေပုံပဲ။

အခုကြည့်ရသလောက် သိပ်မကောင်းပေမယ့်လည်း ဘာမှမဖြစ်လောက်ဘူးထင်ပါတယ်။ ချန်ပီယံလိဂ်အတွက်ကတော့ ကျွန်တော်တို့လုပ်နိုင်တာအားလုံး လုပ်ရမှာပဲလေ”လို့ ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ မေ ၂၇ မှာ ယူကရိန်းနိုင်ငံ ကိဗ်မြို့က အိုလံပစ်ကွင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly