ပါကစ္စတန်၌ သတ္တုတွင်း ၂တွင်းပေါက်ကွဲ၍ လူ ၂၃ဦးထက်မနည်း သေဆုံး

ပါကစ္စတန်၌ သတ္တုတွင်း ၂တွင်းပေါက်ကွဲ၍ လူ ၂၃ဦးထက်မနည်း သေဆုံး

အစ္စလာမ်မာဘတ်၊ မေ ၆ ။             ။ ပါကစ္စတန်အနောက်တောင်ပိုင်း ဘာလိုချစ္စတန်ခရိုင်ရှိ ကျောက်မီးသွေးမိုင်းတွင်း ၂တွင်း၌ ပေါက်ကွဲမှု ၂ခု ဖြစ်ပွားခဲ့၍ လူ ၂၃ဦးထက်မနည်းသေဆုံးခဲ့ပြီး ၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

ပထမပေါက်ကွဲမှုမှာ ခရိုင်မြို့တော် ကွတ်တာမြို့မှ ၂၈ မိုင်ခန့်ကွာဝေးသောအရပ်ရှိ မာဝါမြို့မှ သတ္တုတွင်း၌ မီသိန်းဓာတ်ငွေ့များ စုပြံုလာမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းတွင်းလုပ်သား ၁၆ ဦးခန့်သေဆုံးပြီး ရ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။

“သတ္တုတွင်းလုပ်သား ၂၄ဦးခန့်ဟာ ကွက်တာမြို့ကနေ ၂၈ မိုင်လောက်ကွာဝေးတဲ့ မာဝါမြို့က ပင်မသတ္တုတွင်း ကြီးနဲ့ ဆက်စပ်နေတဲ့ တောင်စွယ် ၃ခုမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် တွင်းပြိုကျ တဲ့အခါမှာ ထွက်ပေါက်တွေပိတ်သွားပြီး ယခုလိုသေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပေါ်လာတာပါ” ဟု ယင်းပြောရေး ဆိုခွင့်ရှိသူက ဆိုခဲ့သည်။

ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် စပင်ကာရက်ဇ်သတ္တုတွင်း၌ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ရ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ရှိ သတ္တုတွင်းများ၌ ချို့တဲ့သော လုပ်ငန်းခွင်လုံခြံုရေးစနစ်များကြောင့် မတော်တဆဖြစ်ရပ်များ ဖြစ်ပွားချိန်တွင် သေဆုံးသူနှင့် ဒဏ်ရာရသူများ အမြဲတမ်းလိုလို များပြားနေရခြင်းဖြစ်သည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကလည်း ပါကစ္စတန်မြောက်ပိုင်းရှိ သတ္တုတွင်းပြိုကျမှုကြောင့် အလုပ်သမား ၁၁ဦး သေဆုံးခဲ့ရပြီး ၂၀၁၁ ခုနှစ်ကလည်း ကျောက်မီးသွေးတွင်း၌ ဓာတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုများဖြစ်ပွားခဲ့သော ကြောင့် မိုင်းလုပ်သား ၅၀ ခန့် သေဆုံးခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly