လူချမ်းသာများအတွက်သာ အုပ်ချုပ်နေသည်ဟုစွပ်စွဲကာ ပြင်သစ်သမ္မတကို လက်ဝဲဝါဒီများ ဆန္ဒပြ

လူချမ်းသာများအတွက်သာ အုပ်ချုပ်နေသည်ဟုစွပ်စွဲကာ ပြင်သစ်သမ္မတကို လက်ဝဲဝါဒီများ ဆန္ဒပြ

ပဲရစ်၊ မေ ၆ ။            ။ ပြင်သစ်သမ္မတမက်ခရွန်သည် လူချမ်းသာများအတွက်သာ နိုင်ငံကိုအုပ်ချုပ်နေသည်ဟု စွပ်စွဲပြောဆိုကာ ပြင်သစ်လက်ဝဲယိမ်းဆန္ဒပြသူများက စနေနေ့က နိုင်ငံမြို့တော် ပဲရစ်မြို့၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကိုစီစဉ်သူများက လွန်ခဲ့သော ၂၀၁၇ ခုနှစ် မေလ ရ ရက်နေ့က ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် သမ္မတ မက်ခရွန်၏ တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့အမှီ ဆန္ဒပြပွဲကို တိုက်ဆိုင်စွာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲရစ်မြို့၏လမ်းမ များပေါ်၌ လူပေါင်း ၁၆၀၀၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။

သို့သော်လည်း ဆန္ဒပြပွဲကိုဖြိုခွင်းခဲ့သော ရဲတပ်ဖွဲ့မှတာဝန်ရှိသူများက ဆန္ဒပြသူအရေအတွက်မှာ ၄၀၀၀၀ ခန့် သာ ရှိသည်ဟု ပြောဆိုခဲ့သည်။

ချီတက်ဆန္ဒပြပွဲအတွင်း လူ ၄ဦးခန့်အဖမ်းခံခဲ့ရပြီး ၄င်းတို့မှာ လက်နက်ဟုယူဆရသော အရာများကို ကိုင်ဆောင်ခဲ့သောကြောင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုခဲ့သည်။ ဒါ့အပြင် ဆန္ဒပြပွဲကို ဖြိုခွင်းစဉ် အတွင်း ဥပဒေထိန်းသိမ်းရေးအရာရှိတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ဆိုခဲ့ သည်။

ယင်းချီတက်ဆန္ဒပြပွဲကို ဖရန်စစ်ရူဖင်က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုသူသည် နာမည်ကြီးလက်ဝဲယိမ်းပါတီမှ ဥပဒေပြု လွှတ်တော်အမတ်တစ်ဦးဖြစ်ကြောင်း သိရသည်။

သူက မက်ခရွန်သည် ကျောင်း၌အစားအစာအလကားကြွေးသည့် စနစ်များကဲ့သို့ အခြေခံကျသောထောက်ပ့ံမှု များအတွက် ရန်ပုံငွေဖြတ်တောက်ခဲ့ပြီး တစ်ချိန်တည်းတွင် စီးပွားရေးသမားများနှင့် ပြင်သစ်နိုင်ငံအပြင်ဘက်၌ ငွေများကိုအပ်နှံထားလိုသော ၀င်ငွေကောင်းသူများအပေါ် အခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမှုအား အဆုံးသတ်ခဲ့ ကြောင်း ပြောဆိုခဲ့သည်။

မက်ခရွန်ကမူ ပြင်သစ်နိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေရန်အတွက် အခွန်ကောက်ခံမှု များကို လာမည့် ၂၀၁၉ခုနှစ်အမှီ လျှော့ချခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ပြည်သူ့ဆန္ဒမဲ ကောက်ခံမှုအစီအစဉ်အရ သမ္မတမက်ခရွန်သည် လူချမ်းသာများအတွက်သာ တာဝန်ထမ်းဆောင်နေသည်ဟု ပြည်သူ ရ၂ ရာခိုင်နှုန်းခန့်က ယုံကြည်နေကြောင်း စစ်တမ်းများကဖော်ပြလျက်ရှိသည်။

ဒါ့အပြင် အခြားစစ်တမ်းများအရ ဆန္ဒမဲပေးသူ ၅၂ ရာခိုင်နှုန်းခန့်က ပြင်သစ်၏ အသက်ငယ်ဆုံးသမ္မတဖြစ်သော မက်ခရွန်အပေါ် အနှုတ်လက္ခဏာဆောင်သောအမြင်များရှိနေပြီး ၅၉ ရာခိုင်နှုန်းကမူ မက်ခရွန်အား လာမည့် ၂၀၂၂ ရွေးကောက်ပွဲ၌ ဆက်လက်ယှဉ်ပြိုင်ရန် အလိုမရှိတော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly