မိုးကြိုးပစ်မှု ဖြစ်ပေါ်စေတတ်သော မိုးတိမ်တောင်အန္တရာယ်သတိပြုရန် ဦးထွန်းလွင်တိုက်တွန်း

မိုးကြိုးပစ်မှု ဖြစ်ပေါ်စေတတ်သော မိုးတိမ်တောင်အန္တရာယ်သတိပြုရန် ဦးထွန်းလွင်တိုက်တွန်း

မေ ၆ ။          ။ မေလ ၆ ရက်နေ့ တနင်္ဂနွေနေ့တွင် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်အရ မိုးကြိုးပစ်ခံရမှုအန္တရာယ်ကို သတိပြုကြရန် မိုးလေဝသပညာရှင် ဦးထွန်းလွင်က တိုက်တွန်းထားသည်။

မေလ ၅ ရက်နေ့ ည ၁၀ နာရီ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေတိုင်းတာချက်များအရ ယင်းသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

"ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဒေသများတွင် မွန်းလွဲညနေပိုင်း အချိန်များမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပါတယ်" ဟု ဦးထွန်းလွင်က လူမှုကွန်ယက်မှတဆင့် ပြောထားသည်။

မိုးတိမ်တောင်များကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခြင်း၊မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းတို့ကို ဖြစ်ပေါ်စေတတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly