မလေးရှား အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးမှုများ စတင်

မလေးရှား အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးမှုများ စတင်

ကွာလာလမ်ပူ၊ မေ ၅ ။           ။ မလေးရှားနိုင်ငံတွင် ပြည်သူ သုံးသိန်းကျော်ထက်မနည်း အစောပိုင်း မဲပေးမှုများဖြင့် မေ ၉ ရက်တွင် ကျင်းပမည် ဖြစ်သော အထွေထွေရွေးကောက်ပွဲအကြို  ကြိုတင်မဲပေးမှုများအား မေ ၅ ရက်တွင် စတင်ကျင်းပသည်။

ရဲတပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြားသော လုံခြံုရေးတပ်ဖွဲ့ဝင်များ အပါအဝင် မဲပေးသူများက ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ ကြီးကြပ်နေသော ရဲစခန်းနှင့် စစ်တန်းလျားများက မဲရုံများသို့ လာရောက်မဲပေးကြခြင်း ဖြစ်သည်။

အဆိုပါ လာရောက်ပေးထားကြသည့် ကြိုတင်မဲများအား မဲရုံများ ပိတ်မည့် မေ ၉ ရက်အထိ မဲပုံးများအတွင်း ထိန်းသိမ်းထားရှိသွားမည်ဖြစ်ကြောင်း ဘာနားမားသတင်းအရ သိရသည်။

ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက်ပိုင်း ၁၄ ကြိမ်မြောက်အဖြစ် ကျင်းပသော ယခုရွေးကောက်ပွဲတွင် မဲပေးနိုင်ခွင့်ရှိသူ ၁၅ သန်းနီးပါး ရှိသည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ၁၉၇၈ ခုနှစ်မှစတင်ကာ နိုင်ငံအား အုပ်ချုပ်ခဲ့သည့် အမျိုးသားတပ်ဦးညွန့်ပေါင်းပါတီမှ ဦးဆောင်ပါတီဖြစ်သော ယူနိုက်တက်မလေးအမျိုးသားအဖွဲ့အစည်း UMNO ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် နောက်သက်တမ်းအရွေးခံရန် ရေပန်းစားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly