ပြင်းအားမြင့် ငလျင်တစ်ခု ထပ်လှုပ်၍ ဟာဝိုင်ယီကျွန်း မီးတောင်ပေါက်ကွဲမှု အခြေအနေ ပိုဆိုး

ပြင်းအားမြင့် ငလျင်တစ်ခု ထပ်လှုပ်၍ ဟာဝိုင်ယီကျွန်း မီးတောင်ပေါက်ကွဲမှု အခြေအနေ ပိုဆိုး

 

မေ ၅ ။                   ။ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရှိ မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်နေခဲ့သည့် ကျွန်းတစ်ခုတွင် ယမန်နေ့ မေလ ၄ ရက်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်သွားခဲ့၍ မီးတောင်ပေါက်ကွဲမှု အခြေအနေကို ပိုဆိုးစေခဲ့သည်ဟု သိရသည်။

ယင်းပြည်နယ်ရှိ Kilauea မီးတောင်မှာ မေလ ၃ ရက်ကတည်းက စတင်ပေါက်ကွဲပြီး ချော်ရည်ပူများ ပန်းထုတ်နေခဲ့ကြောင့် အနီးအနား ဧရိယာတွင်းနေထိုင်သည့် လူပေါင်းရာနှင့်ချီတို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ထားခဲ့ကြရသည်။

ဒေသစံတော်ချိန် ည ၁၂ နာရီ ၃၂ မိနစ်တွင် နောက်ဆုံး လှုပ်သွားခဲ့သည့် ငလျင်မှာ ပေါက်ကွဲမှုဖြစ်ပေါ်နေခဲ့သည့် Kilauea မီးတောင်၏ တောင်ဘက်ပိုင်း ဧရိယာကို ဗဟိုပြုလှုပ်သွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ Kilauea မီးတောင်မှာ အစောပိုင်းရက်ပိုင်းက ငလျင်များ လှုပ်ခဲ့၍ မေလ ၃ ရက်တွင် ပထမဆုံး စတင်ပေါက်ကွဲနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယမန်နေ့က နောက်ထပ် ငလျင်ကြီးတစ်ခု ထပ်လှုပ်ခဲ့ပြီးနောက် မီးတောင်မှာ ထပ်မံ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ချော်ရည်များ ထပ်မံ ပန်းထွက်စီးကျလာခဲ့ရာ အနီးအနား ဧရိယာရှိ လူနေအိမ် အများအပြားကို ပျက်စီးစေခဲ့ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လမ်းသုံးလမ်းတွင်လည်း ပက်ကြားအက်များ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း၊ အကယ်၍ ယင်း ဧရိယာတစ်ဝိုက် ဘေးလွတ်ရာ မရွှေ့ပြောင်းရသေးသူများ ရှိနေပါက အမြန်ဆုံး ရွှေ့ပြောင်းကြရန်လည်း အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောထားသည်။

လေထုထဲတွင် အန္တရာယ်ရှိ ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ လယ်ဗယ် မြင့်တက်နေခြင်းကြောင်း ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်မှုလုပ်ငန်းများကို အားချင်း ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်း ယင်းက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags