ရုပ်ရှင်ကားကြီးတွေ ဆက်လက်ရိုက်ကူးဦးမယ့် မေတိုးခိုင်

ရုပ်ရှင်ကားကြီးတွေ ဆက်လက်ရိုက်ကူးဦးမယ့် မေတိုးခိုင်

 

မေ ၄ ။          ။ ဒုတိယအူဝဲလို့ အခုတလော လူငယ်အမျိုးသားတွေကြား ရေပန်းစားနေတဲ့ မော်ဒယ်သရုပ်ဆောင် မေတိုးခိုင်ဟာ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ MTV တွေ ဆက်တိုက် ရိုက်ကူးနေ တယ်လို့ သိရပါတယ်။

မေတိုးခိုင်ဟာ မေလ ၃ ရက်နေ့၊ ညနေပိုင်းကလည်း ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ တေးသံရှင် အားတီရဲ့တေးစီးရီး MTV ရိုက်ကူးခဲ့ပါတယ်။ မေတိုးခိုင်ဟာ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့ တူမ တော်စပ်သူဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ ပြုစုပျိုးထောင်မှုနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့လည်း ရှိနေပါတယ်။

အနုပညာအပေါ် ရူးသွပ်မှုကို အရင်က သတိမထားမိပေမယ့် အလုပ်လုပ်နေရင်းက လုံးဝအလုပ်အပေါ် ရူးသွပ်မိတယ်လို့လည်း မေတိုးခိုင်က ပြောပါတယ်။ မဟာဗန္ဓုလပန်းခြံမှာ ရိုက်ကူးရေး ပြုလုပ်နေတဲ့ မေတိုးခိုင်ကို မဇ္ဈိမက လျှက်တပြက် မေးမြန်းတင်ဆက်လိုက်ပါတယ်။

မေး။ ။ ကိုယ်တိုင်ရော ရုံကြီးကတွေဘယ်တော့လောက် ပါ၀င်ရိုက်ကူးမယ်လို့စဉ်းစားထားလဲ။
ဖြေ။ ။
ရုံကြီးကား တစ်ကားရိုက်ထားပါတယ်၊ ၂၀၁၆ လောက်က "ရူးအောင်ချစ်မယ့်သူ" လို့ အမည်ရပါတယ်၊ ကိုနေတိုးရယ်၊တီဝဲရယ်နဲ့ အတူတူရိုက်ထားပါတယ်။

မေး။ ။အခုလက်ရှိရော ရုံကြီးကားတွေ လက်ခံရိုက်ကူးထားတာရှိလား။

ဖြေ။ ။ အခုလက်ရှိကတော့ ဇာတ်လမ်းလေးတွေဖတ်နေတာပဲရှိပါတယ်။ သေချာ Confirm တော့ မဖြစ်သေးပါဘူး။"

မေး။ ။ဇာတ်လမ်းတွဲတွေမှာရော ပါ၀င်သရုပ်ဆောင်ထားတာရှိလား။

ဖြေ။ ။ ဇာတ်လမ်းလေးတွေပေါ်မူတည်ပြီးတော့ စိတ်ဝင်စားရင် ပါ၀င်သရုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး။ ။ဘယ်လိုမျိုးဇာတ်လမ်းလေးတွေရိုက်ကူးသွားမယ်လို့ စဉ်းစားထားလဲ ။

ဖြေ။ ။ ကြိုက်တာကတော့ Drama ဇာတ်လမ်းလေးတွေ ကြိုက်တယ်၊ ဒါပေမယ့် အခုက နည်းနည်း လည်း ငယ်သေးတော့ ပေါ့ပေါ့ပါးပါးနဲ့ ဖန်စီ၊ Romance လေးတွေပေါ့၊ ဖြစ်နိုင်ရင်တော့ Musical လေးတွေ ရိုက်ချင်ပါတယ် ။

မေး။ ။ ကိုယ်တိုင်ကရော ဘယ်လိုဇာတ်လမ်းမှာအားသာတယ်လို့ထင်လဲ။

ဖြေ။ ။ အဲ့ဒါတော့ တစ်ကားပဲရိုက်ဖူးသေးတော့ မပြောတတ်သေးဘူး၊ ဒါပေမယ့် ကြိုက်တာတော့ Drama ကို အရမ်းကြိုက်တယ်။

မေး။ ။ အခုဆိုရာသီဥတု အရမ်းပူလာတယ်ပေါ့၊ အစ်မအနေနဲ့ အသားအရည်ကို ဘယ်လို ထိန်းသိမ်းဖြစ်လဲ မသိဘူး။

ဖြေ။ ။ အစ်မက အရင်ထဲက အသားအရေခြောက်တတ်တော့ Skincare ကို အမြဲလိမ်းဖြစ်တယ်၊ ပြီးတော့ Sun cream၊ ပီးတော့ Face missing ကိုအမြဲဖျန်းဖြစ်ပါတယ်။

 မေး။ ။ Fashion ပိုင်းမှာရော ဘယ်လိုပုံစံမျိုးတွေ အဓိက ၀တ်စားဖြစ်လဲ။ ဖြေ။ ။ Fashion ကတော့ ညီမကြိုက်တာကတော့ ကို့ယို့ကားယားပုံလေးတွေ ကြိုက်တယ်။ အမြဲ  အဲ့လိုဝတ်နေကြဆိုတော့ အဲ့လိုမျိုးပုံစံနဲ့ပဲ ကိုယ့်ကိုကိုယ် မြင်လို့ရတယ်။

မေး။ ။  တစ်ချို့ဆို အချစ်ရေးမှာ ကိုယ့်စိတ်ကူးထဲမှာ ဘယ်လိုပုံစံမျိုးလေးဆိုတာ သတ်မှတ်ထားတာ ရှိတယ်။ အစ်မအနေနဲ့ရော အဲ့လိုထားတာရှိလား ။

ဖြေ။ ။ အဲ့လိုမျိုးတော့ မရှိဘူး။ ငယ်ငယ်တုန်းကတော့ ရှိတာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အရမ်းကြီး စံနှုန်းတွေ မထားထားဘူး၊ နားလည်မှုရှိပြီးတော့ ပျော်ဖို့ကောင်းတဲ့ လူတစ်ယောက်ဆို ရပါပြီ။

မေး။ ။  မအူဝဲဆိုရင် မင်္ဂလာပွဲကို ကြီးကြီးမားမား ဆောင်ခဲ့တယ်ပေါ့၊ ကိုယ့်အလည့်ကြရင်ရော ဘယ်လိုပုံစံမျိုးလုပ်ဖို့တွေးမိလဲ။ဖြေ။ ။ အဲ့လိုမျိုးတော့ မရှိပါဘူး၊ သေချာတာတော့ အရမ်းကြီးကြီးကျယ်ကျယ် ဆောင်ရတာမျိုး မကြိုက်ဘူး။

မေး။ ။  အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

ဖြေ။ ။ အားပေးနေတဲ့ ပရိသတ်အားလုံး ကျေးဇူးတင်ပါတယ်။ ဒီနှစ်ထဲမှာလည်း အသစ်တွေအများကြီး လုပ်သွားဖို့ရှိတဲ့အတွက် ညီမကို ထပ်ပြီးအားပေးကြပါဦးလို့ပြောချင်ပါတယ်။"

မျိုးဆက်သစ်လေးဖြစ်တဲ့ မေတိုးခိုင်ဟာ ပထမဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် ရူးအောင်ချစ်မိသူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ အိန္ဒြာကျော်ဇင်တိုနဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly