အပြာမင်းသမီးကို ပိုက်ဆံပေးခဲ့ကြောင်း ထရမ့် ၀န်ခံ

အပြာမင်းသမီးကို ပိုက်ဆံပေးခဲ့ကြောင်း ထရမ့် ၀န်ခံ

 

၀ါရှင်တန်၊ မေ ၄ ။                   ။ အပြာမင်းသမီး စတုန်းမီဒန်နီယယ်အား နှုတ်ပိတ်ခပိုက်ဆံများ ပေးခဲ့ကြောင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၀န်ခံပြောကြားသည်။

အိမ်ခြံမြေလုပ်ငန်းရှင်ကြီးလည်းဖြစ်သည့် ဒေါ်နယ်ထရမ့်နှင့် ငြိစွန်းမှုအား ထုတ်ဖော်မပြောအောင် ထရမ့်၏ ရှေ့နေ မိုက်ကယ်ကိုဟင်က စတုန်းမီအား နှုတ်ပိတ်ခ ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ယင်းငွေကြေးအား ထရမ့်က ကိုဟင်ကို ပြန်လည်ပေးချေခြင်း ဖြစ်ကြောင်း ဆိုသည်။

“ရှေ့နေကိုဟင်ကို လစဉ်အကျိုးဆောင်ခ ပေးပါတယ်။ ထုတ်ဖော်မပြောရေး နှစ်ဖက်သဘောတူညီမှုအရ ပေးတာဖြစ်ပါတယ်။”ဟု ထရမ့်က တွစ်တာတွင် ရေးသားသည်။

“အောင်မြင်ကျော်ကြားသူတွေနဲ့ ချမ်းသာတဲ့သူတွေကြား သဘောတူညီမှုတွေပါ။”ဟု ၎င်းက ရေးသားသည်။

အပြာမင်းသမီး ဒန်နီယယ်၏ မှားယွင်းစွပ်စွဲပြောဆိုမှုများ ရပ်သွားအောင် ယင်းငွေကို ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ထရမ့်က တွစ်တာကတစ်ဆင့် ရှင်းလင်းရေးသားသည်။

နာမည်ရင်း စတီဖင်နီကလက်ဖို့ဒ်ဖြစ်သူ စတုန်းမီဒန်နီယယ်က ထရမ့်နှင့် သူသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ငြိစွန်းကာ အတူအိပ်စက်ဖူးကြောင်း စွပ်စွဲပြောဆိုထားပြီး ထရမ့်ကမူ ယင်းကိစ္စကို ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags