တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင် မြေပြိုပြီး တစ်ဦးသေဆုံး

တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင် မြေပြိုပြီး တစ်ဦးသေဆုံး
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၃ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ကမ်းနားပိုင်းရှိ တွံတေးတူးမြောင်း ကမ်းပြို ကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၃ ရက်၊ နံနက် ၁၁ နာရီ၊ ၅ဝ မိနစ်ခန့်အချိန်တွင် အဆိုပါ အိုးဖိုအနောက်ရပ်ကွက်၊ ကမ်းနားပိုင်းရှိ တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်တွင် အမြင့် ၁ဝ ပေခန့်ရှိ မြေများပြိုကျခဲ့ခြင်းဖြစ်ပြီး အမျိုးသား နှစ်ဦး ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေပြိုကာ ပိမိခဲ့သူ နှစ်ဦးအနက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ လယ်ပတောကျေးရွာအုပ်စု၊ အလယ်ဦးစုကျေးရွာနေ အသက် ၃ဝ အရွယ် ကိုကျော်နိုင်ဝင်းဆိုသူမှာ ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။ ကျန်ရှိသည့် တွံတေး မြို့နယ်နေ အသက် ၂၄ နှစ်အရွယ် ကိုကျော်သူအောင်ဆိုသူမှာ ဝမ်းဗိုက်ယောင်ရမ်း ဒဏ်ရာများရရှိကာ လက်ရှိတွင် တွံတေးပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ လွှဲပြောင်းကာ ဆေးကုသပေးနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly