Rock သီချင်းစစ်စစ်တွေပါတယ်ဆိုတဲ့ SOA (State Of Asa) အဖွဲ့ရဲ့ တေးစီးရီးသစ် မိတ်ဆက်

Rock သီချင်းစစ်စစ်တွေပါတယ်ဆိုတဲ့ SOA (State Of Asa) အဖွဲ့ရဲ့ တေးစီးရီးသစ် မိတ်ဆက်

ရန်ကုန် မေ ၃ ။         ။ အပြင်းစား Rock သီချင်းစစ်စစ်တွေ နားထောင်ချင်သူ တွေအတွက် SOA (State Of Asa) အဖွဲ့က NATION လို့ အမည်ပေးထားတဲ့ တေးစီးရီးသစ်ကို မိတ်ဆက်လိုက်ပါတယ်။

မေလ ၃ ရက်နေ့က ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ စာနယ် ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့တာပါ။ ဒီအဖွဲ့ဟာ IC အဖွဲ့ ရဲ့ လေးဖြူ၊ မျိုးကြီးတို့ကတောင် မျိုးဆက်သစ် Rock ဂီတ သူရဲကောင်းတွေအဖြစ် အသိမှတ်ပြုခံထားရတဲ့အဖွဲ့ လည်း ဖြစ်ပါတယ်။

Rock ဂီတလောကမှာ သက်တမ်းအကြာဆုံး ပရိတ်သတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ IC အဖွဲ့သားတွေက မျိုး ဆက်သစ် SOA Band ကို လက်တွဲခေါ်ဖို့ အသိအမှတ်ပြု တယ်လို့ တေးသံရှင် August (SOA) က မဇ္ဈိမကို ပြော ပါတယ်။

" သူတို့က ကျွန်တော်တို့ကို တော်တော် Support ပေး တယ်၊ သူတို့ စိတ်ဝင်စားတာတွေ မေးတယ်၊ ဒီ Music လိုင်းတွေက တစ်ယောက်နဲ့တစ်ယောက် သိတယ်၊ အဲဒါတွေ ပြောတယ်၊ ကျွန်တော်တို့ခံစားချက်တွေ ပြောပြ တယ်၊ အရမ်းမိုက်တယ်၊ သူတို့ ကျွန်တော်တို့ကို အသိအမှတ်ပြုတာပေါ့ဗျာ၊ ကျွန်တော်တို့ ကြိုးစားတာကို" လို့ August (SOA) က ပြောပါတယ်။

ဒါ့အပြင် ဒီအခွေခေါင်းစဉ်က မြန်မာနိုင်ငံရဲ့ Rock Music လောကမှာ မှတ်တိုင်တစ်ခုထူထောင်တဲ့ အဓိပ္ပါယ်ကို ယူ ထားတာဖြစ်တယ်လို့ SOA (State Of Asa) အဖွဲ့ရဲ့ တေးရေး၊ တေးဆို Augest (SOA) က ပြောပါတယ်။

NATION လို့ နာမည်ပေးထားတဲ့ ဒီတေးစီးရီးထဲမှာ August (SOA) နဲ့ Nanda (SOA) တို့က တေးသီချင်း ၁၄ ပုဒ် ရေးသားထားပြီး August (SOA) က စီးရီး တစ် ခွေလုံး သီဆိုထားတာပါ။

ဒီတေးစီးရီးကို လာမယ့် မေလ ၅ ရက်နေ့မှာ စတင်ထွက် ရှိမှာဖြစ်ပြီး မေလ ၆ ရက်နေ့မှာတော့ ရန်ကုန်မြို့ တော်ဝင် စင်တာမှာ တေးစီးရီး ပရိုမိုးရှင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly