သဘာဝဘေးရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း လူကယ်ပြန်ဝန်ကြီး ပြော

သဘာဝဘေးရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း လူကယ်ပြန်ဝန်ကြီး ပြော

 

မေ ၃ ။                   ။ သဘာဝဘေးကို ရင်ဆိုင်ရန် အဆင့်သင့်မဖြစ်သေးဘဲ လမ်းပန်းဆက်သွယ်ရေးက အဓိက ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက မေလ ၂ ရက်နေ ့ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂစ် ၁၀ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။

 “ လေ့လာလိုက်တဲ့အခါကြတော့ အဓိက လမ်းပန်းဆက်သွယ်ရေး အဆင့်သင့် ကျွန်တော်တို ့မှာမဖြစ်ဘူး။ ကုန်လမ်း၊ရေလမ်း၊လေလမ်း လမ်းပန်းဆက်သွယ်ရေး သဘာဝဘေးဖြစ်တာနဲ့ လမ်းတွေပျက်သွားတယ်။ သွားလို့မရတော့ဘူး။ ကယ်တဲ့သူလည်းသွားလိုမရတော့ဘူး။ ပြေးတဲ့သူလည်း ပြေးစရာလမ်းမရှိဘူး။ အဓိက လမ်းပန်းဆက်သွယ်ရေး၊အထူးသဖြင့် ရွာချင်းဆက်လမ်းတွေ တော်တော်ကို အခြေအနေဆိုးတဲ့ နေရာတွေ ရှိတယ်။ ရွာချင်းဆက်လမ်းတွေမကောင်းရင် ခိုလှံုရာနေရာကိုသွားလို့မရဘူး။ ပြေးစရာလည်းမရှိဘူး။ အင်မတန် အရေးကြီးပါတယ်၊ အဲဒါ ကုန်းလမ်း၊  ရေလမ်းလည်းဒီအတိုင်းပဲ မလုံခြံုဘူး။ တစ်ခုခုဖြစ်ရင် ရေထဲက လူကို ကယ်ထုတ်ဖို ့ ဘာပစ္စည်း အဆင့်သင့်ရှိလဲ။ ဘယ်လောက်ပြည့်စုံပြီးလဲ ဒါတွေဟာ အရေးကြီးပါတယ်။ ကုန်းလမ်းရေလမ်းလေလမ်း အဆင့်မဖြစ်ဘူးလို သူတို့ ပြောပါတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဒေါက်တာဝင်းမြတ်အေးက ပြောသည်။

မုန်တိုင်းဒဏ်ခံနိုင်ရေး အဆင့်သင့်ဖြစ်မှုကို တိုင်းတာစစ်ဆေးရေးအဖွဲ ့တစ်ဖွဲ ဖြင့် ဆောင်ရွက်နေပြီး တွေ့ရှိချက် အရ  ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးသာမက အဆောက်အဦများပါ သဘာဝဘေးအတွက် အဆင့်သင့် မဖြစ်သေးကြောင်း ပါ ထည့်သွင်းပြောကြားသည်။

“ အဆောက်အဦတွေ ခိုင်ခန့်မှုတွေဟာ သဘာဝဘေးကိုရင်ဆိုင်နိုင်ဖို ့အဆင့်သင့်မဖြစ်ပါဘူး။ ဒါကြောင့်မို့ ဆောက်လုပ်ရေးမှာ စံနှုန်းတွေ သတ်မှတ်ပါတယ်၊သဘာဝဘေး ခံနိုင်ရည်ရှိဖို ့အတွက် အဲဒီစံချိန်စံနှုန်းတွေနဲ့ ဆောက်ဖို ့လုပ်ဖို ့လိုပါတယ်၊ဆောက်တဲ့သူတွေ စေတနာရှိဖို့ လိုတယ် ၊နောက်တစ်ခုက ဆက်သွယ်ရေး။  တစ်ခုခု သဘာဝဘေးဆို တစ်နေရာနဲ ့တစ်နေရာ ပြတ်သွားတယ်ဆက်သွယ်ရေးက။ အခြားနည်းလမ်းတွေ သုံးတယ်။ ရေဒီယိုလှှိုင်းတွေ တစ်ဆင့်ဆောင်ရွက်သင့်တယ် ။ ဒါတွေဟာ ပျံ့နှံ့ထိထိရောက်ရောက် ဆက်သွယ် နိုင်ဖို့ အတွက် အဆင့်သင့်ဖြစ်မှုတွေနည်းသေးတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လက်ရှိတွင် ဘဘာဝဘေးနှင့်ပတ်သက်ပြီး အစိုးရမှ ရန်ပုံငွေ ကျပ် ဘီလီယံ ၂၀ ထူထောင်ပေးထားပြီး  ကြိုတင်ပြင်ဆင်မှုအပိုင်းများတွင် အသုံးပြုကြောင်း သိရကာ ဧရာဝတီတိုင်းအတွက် မုန်တိုင်းဒဏ်ခိုလှုံနိုင်ရန် အဆောက်အဦ ၅၀ ဆောက်လုပ်ပေးထားကြောင်း သိရသည်။

“ဧရာဝတီတိုင်းဆို မုန်တိုင်းနှင့် ရေကြီးရေလျှံတာ အဆိုးဝါးဆုံးပဲ ။ ရေကြီးတဲ့နေရာမှာ မနေရအောင် လူတွေကို လွတ်မြောက်အောင်ရွှေ ့ပြောင်းပေးဖို့ နေရာလိုတယ် ။ မုန်တိုင်းလာရင် မုန်တိုင်းဒဏ်ခံတယ် အဆောက်အဦ တွေ၊ နေရာရောက်အောင် ပြောင်းပေးဖို့လိုတယ် ဘာတွေလိုလည်းဆိုတော့ ခိုင်ခံ့တဲ့ အဆောက်အဦ လိုလာတယ်၊ မုန်တိုင်းရှောင် အဆောက်အဦတွေလိုလာတယ် ။ ကျွန်တော်တို ့အစိုးရသစ် တက်ပြီး နောက်ပိုင်း အထိ ရ၀လောက်ရှိတယ်၊၊ နောက်ထပ် ၅၀လောက်ကို ဧရာဝတီတိုင်းအတွက် ဆောက်ထားတယ်။ အဆင့်သင့်ဖြစ်ဖို ့ဆောက်တာ ၊ ကျွန်တော်တို ့ဆောက်လုပ်တဲ့အဆောက်အဦသည် ခိုင်ခံ့ဖို့ လိုပါတယ်။ သာမန်ကာလျှှံကာလုပ်လို့ မရပါဘူး”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

၂၀၀၈ခုနှစ်မေလ၂ရက်နေ ့တွင် တိုက်ခတ်ခဲ့သည် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းသည့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များကို ထိခိုက်နစ်နာခဲ့ပြီး၊လူဦးရေ တစ်သိန်းလေးသောင်းကျော်သေဆုံးခဲ့ကာ ၊ လူဦး ၁၂သန်းကျော် ဘေးဒုက္ခများ ခံစားခဲ့ရသည်။

ဧရာဝတီတိုင်းတွင် ယခင် မုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အဦ ရ၀ကျော်ဆာက်လုပ်ပေးထားခဲ့ပြီး အစိုးရသစ်လက်ထက်တွင် အဆောက်အဦ ၅၀ကျော်ကို ဆောက်လုပ်ပေးရန်လုပ်ဆောင်ထားပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးရေလျှံနှင့် မုန်တိုင်းများတွင် ရှောင်နိုင်ရန်လုပ်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ ထပ်ဆောက်လုပ်မည့် မုန်တိုင်းဒဏ်ခံ အဆောက်အဦများအား ဘက်စုံသုံး အဆောက်အဦများဖြစ် ဆောက်လုပ်ပေးမည်ဟု ၀န်ကြီးက ပြောသည်။

နာဂစ်၁၀ နှစ်ပြည့်အခမ်းအနား ပုသိမ်မြို့တော်ခန်းမတွင်  ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြိီး အစိုးရဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

တစ်နာရီလျှင် မိုင် ၁၄၀ကျော်နှုန်းနှင့် တိုက်ခတ်ခဲ့သော၊ ကမ္ဘာပေါ်တွင် အပျက်အစီး အသေအပျောက် အများဆုံး မှတ်တမ်း အဆင့် ၈ ၀င်ခဲ့သော နာဂစ်မုန်တိုင်းသည် မေလ ၂ ရက်တွင်  ၁၀ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly