Toyota ကားသစ်တွေကို စုံစုံလင်လင်ကြည့်ရှုနိုင်ပြီး Toyota ကားသစ်တစ်စီး မိတ်ဆက်ပေးသွားမယ့် Toyota Aye and Sons Road Show

Toyota ကားသစ်တွေကို စုံစုံလင်လင်ကြည့်ရှုနိုင်ပြီး Toyota ကားသစ်တစ်စီး မိတ်ဆက်ပေးသွားမယ့် Toyota Aye and Sons Road Show

 

Toyota ကားသစ်တွေကို တစ်နေရာတည်းမှာစုံစုံလင်လင်ကြည့်ရှုနိုင်မယ့် Toyota Aye and Sons Road Show ကို Mayလ (၄၊၅၊၆)ရက်နေ့ Myanmar Plaza မှာ ပြုလုပ်သွားမှာပါ။ Toyota ချစ်သူတွေအတွက် (၇) ယာက်စီး MPVအမျိုးအစား Toyota Avanza ကားသစ်တစ်စီးကို စတင်မိတ်ဆက်ပေးသွားမှာဖြစ်ပြီး အခြား Toyota ကားအမျိုးအစားများဖြစ်တဲ့ Vios, Camry, Fortuner, Landcrusier ကားများအပြင် လုပ်ငန်းသုံးအတွက် အထူးသင့်တော်တဲ့ Hiace Luxury,Hilux Revo Double Cab, Extra Cab ကားအမျိုးအစားတွေကိုပါ ပြသရောင်းချပေးသွားမှာပါ။

ဒီပွဲကို လာရောက်သူတွေအတွက် အထူးအစီအစဉ်အနေနဲ့ Assessment Rating Results ကို (4-5 May) အခမဲ့ ပြုလုပ်ပေးသွားမှာဖြစ်ပြီး Road Showနေ့မှာ ကားဝယ်ယူသူ Customersများကို ၁၀သိန်းတန်အထိ တန်ဖိုးရှိ ဆီဘောက်ချာကို လက်ဆောင်အဖြစ် ပေးသွားမည့်အပြင် အခြားလက်ဆောင်များလည်း ပေးသွားမှာပါ။ ကားနဲ့ပတ်သတ်တဲ့ အကြောင်းအရာများကို Toyota Aye and Sons ၀န်ထမ်းများမှ အသေးစိတ် ရှင်းပြပေးသွားမှာဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

Sale/Service Promotion အစီအစဉ်တွေ ၊ Unplugged Show အစီအစဉ်တွေအပြင် မြန်မာပြည်သိန်းတန်ရဲ့ သီဆိုဖျော်ဖြေမှု အစီအစဉ်တွေပါ ပါ၀င်လို့Toyota ချစ်သူတွေအားလုံးကို ဆက်ဆက်လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Toyota Aye and Sonsမှာ ကားတန်ဖိုးရဲ့ ၃၀% ကိုပေးပြီး ၁နှစ် မှ ၅နှစ်အထိ အရစ်ကျ ငွေပေးခြင်းစနစ်ဖြင့်များနဲ့ပါ Toyota Aye and Sonsမှာ ရောင်းချပေးနေပါတယ်။ Toyota Aye and Sons မှာ မည်သည့်ကား အမျိုးအစားကိုမဆို ၀ယ်ယူသူတိုင်းအတွက် လက်ရှိအသုံးပြုနေသော တစ်ပတ်ရစ်ကားများဖြင့်ပါ လဲလှယ်နိုင်သောToyota Aye & Sons ၏ Assessment Trade In Scheme အစီအစဉ်အပြင်ကားတန်ဖို့ 30%ပေးသွင်းပြီး အရစ်ကျ ငွေပေးချေခြင်းများပြုလုပ်ပြီး Toyota Aye and Sonsမှာ ၀ယ်ယူနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက လိပ်စာ  ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ ့ Toyota Aye and Sons ဖုန်းနံပါတ် - 09954400950, 09954502206, 01 400950 နဲ့ 01 502206ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(Zawgyi Version)






 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly