ဧရာဝတီမြစ်အတွင်းပြေးဆွဲလျှက်ရှိသည့် နိုင်ငံပိုင်ရေယာဉ် ၁၀စီးကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်

ဧရာဝတီမြစ်အတွင်းပြေးဆွဲလျှက်ရှိသည့် နိုင်ငံပိုင်ရေယာဉ် ၁၀စီးကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်
 ရတနာပုံသင်္ဘောကျင်း လုပ်ငန်းခွင်ကို မေလ ၂ ရက်၊မွန်လွဲ ၁ နာရီက မြင်တွေ့ရစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မေ ၂ ။             ။ ဧရာဝတီမြစ်အတွင်းပြေးဆွဲလျှက်ရှိသည့် နိုင်ငံပိုင်ရေယာဉ် ၁၀စီးကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ရတနာပုံသင်္ဘောကျင်းမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဇော်မိုးမြင့်ကပြောသည်။

ထိုသို့ အကြီးစားပြင်ဆင်မှုများကို ဇွန်၊ဇူလိုင်၊သြဂုတ်၊စက်တင်ဘာလတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

"လျာထားတာ ၁၀စီးပေါ့။ကျွန်တော်တို့ ပြည်တွင်းရေကြောင်းပိုင်ယာဉ်တွေပါပဲ။"ဟု ဦးဇော်မိုးမြင့်ကပြောသည်။

၂၀၁၇/၂၀၁၈ခုနှစ်ကလည်း ၁၀ စီးပြင်ဆင်ခဲ့ပြီး ယခု ၂၀၁၈/၂၀၁၉ခုနှစ်တွင်လည်း ၁၀ စီးပြင်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ပြည်တွင်းရေကြောင်းတွင် ရေယာဉ်အသစ်တည်ဆောက်မှု တစ်နှစ်ထက်တစ်နှစ် လျှော့နည်းလာနေပြီး ပြင်ဆင်မှုများ သာ လုပ်ဆောင်နေရကြောင်းသိရသည်။

"ပုဂ္ဂလိကဘက်ကလည်း အသစ် တည်ဆောက်တာတွေ မလုပ်ကြတော့ဘူး။လုပ်ငန်းက သိပ်မရှိဘူး။"ဟု ပြောသည်။

ရတနာပုံသင်္ဘောကျင်းအနေဖြင့် ဝင်ငွေရရှိစေရန်အတွက် ပုဂ္ဂလိကသင်္ဘောများပြင်ဆင်မှုအတွက် နေရာ ငှားရမ်းခြင်း၊ ပစ္စည်းများငှားရမ်းခြင်းများ ပြုလုပ်နေရကြောင်း သိရသည်။ ပြည်တွင်းရေကြောင်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာစေရန် ရေလမ်းကြောင်းကောင်းမွန်ရန် အဓိကလိုအပ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly