ဥရုဂွေးတိုက်စစ်မှူး ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းခေါ်ယူ

ဥရုဂွေးတိုက်စစ်မှူး ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းခေါ်ယူ

သြဂုတ် ၂၉၊ လီဗာပူးလ် ။        ။ အဲဗာတန်အသင်းသည် ရေးဗားပလိတ်မွန်တီဗီဒီယိုမှ ဥရုဂွေးတိုက်စစ်မှူး လီအန်ဒရို ရိုဒရီဂွက်ဇ်ကို ခန့်မှန်းပြောင်းရွှေ့ကြေး ပေါင် ၅ သိန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိယင်းတိုက်စစ်မှူးသည် လေးနှစ်စာချုပ်ရန်သဘောတူညီခဲ့ခြင်းဖြစ်ရာ အဲဗာတန်တွင် ၂၀၁၉ ဇွန်အထိ စာချုပ်သက် တမ်းရှိမည်ဖြစ်သည်။

အီတလီနိုင်ငံကူးလက်မှတ်လည်းကိုင်ဆောင်ထားပြီး မြို့ခံအသင်းအတွက် ၇၁ ပွဲကစား ၁၉ ဂိုးသွင်းပေးထားသော ယင်းတိုက်စစ်မှူးမှာ စိတ် လှုပ်ရှားဖွယ်ကောင်းသည့် အရည်ချင်းရှိကစားသမားဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောသည်။

“ရိုဒရီဂွက်ဇ်ဟာ တောက်ပလာမယ့် ပါရမီရှင်လူငယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုဖိအားပေးလိုတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ အနာဂါတ်အတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ” ဟု မာတီနက်ဇ်က ပြောသည်။

ရိုဒရီဂွက်ဇ်သည် အဲဗာတန်အသင်းတွင် အလျှင်အမြန်နေရာပြန်ရလာလိမ့်မည်ဟုလည်း မာတီနက်ဇ်က ယူဆနေသည်။ “အရန်အသင်းနဲ့အတူ သူအချိန်ယူဖို့မလိုလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရုဂွေးလိဂ်မှာ ကစားခဲ့ပြီးဖြစ်နေလို့ပါ။ သူအဆင်ပြေ အောင် ကူညီနိုင်ဖို့မျှော်လင့်ပါတယ်။ အဆင်သာပြေခဲ့ရင်တော့ ဂိုးတွေကိုသူသွင်းပေးပါလိမ့်မယ်”ဟု မာတီနက်ဇ်က ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly