ညောင်ဦးမြို့အနီး အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်

ညောင်ဦးမြို့အနီး အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်
ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဧပြီလ (၃၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၈)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် ညောင်ဦးမြို့အနီး အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခဲ့ကြောင်း သိရပြီး ရက်ပိုင်းအတွင်း ဒုတိယအကြိမ် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ညောင်ဦးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် (၂၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပေါက်မြို့၏  အရှေ့တောင်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၁.၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၁ ဒီဂရီ၊ အနက် ၅၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉) နာရီ၊ (၄၈) မိနစ်၊ (၃၂) စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ ငလှင်​တစ်​ခု​ ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၅) မိုင်​အကွာ၊ မြိုင်မြို့၏ အနောက်မြောက်ဘက် (၉) မိုင်ခန့်အကွာ၊ အနက် ၁၃၀ ကီလိုမီတာကို ဗဟိုပြု၍  လှုပ်​ခတ်​ခဲ့သေးသည်။

ယခုနှစ်အတွင်း လှုပ်ခတ်ခဲ့သည့်ငလျင်များအနေဖြင့် ဧပြီလ ၂၃ ရက်အထိ အင်အားအနည်းငယ် (၅၇)ကြိမ်၊ အင်အားအသင့်အတင့် (၁၃)ကြိမ် စုစုပေါင်း ငလျင် အကြိမ် (၇၀) လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် (၂၅)ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၆)ကြိမ်၊ ရှမ်းပြည်နယ်တွင် (၆)ကြိမ်၊ ကချင်ပြည်နယ်တွင် (၄)ကြိမ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၃)ကြိမ်စီ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၂)ကြိမ်စီ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags