ဒေါပုံမြို့နယ်တွင် ဗုဒ္ဓပူဇနိယဘုရားပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဒေါပုံမြို့နယ်တွင် ဗုဒ္ဓပူဇနိယဘုရားပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရန်ကုန် ဧပြီလ ၂၉ ။            ။ ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ့၊ ဧပြီလ ၂၉ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် ဗုဒ္ဓပူဇနိယဘုရားပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့သည်။

ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်အတွင်းက သာသနဝံသ ပရိယတ္တိစာသင်တိုက်အတွင်းရှိ သမိုင်းဝင်စန္ဒမုနိစေတီ တော်မြတ်ကြီး၏ ပဥ္စမအကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာတော် ၁၀၈ ပါးကို အများပေါင်းစု ကုသိုလ်ဒါန ပြုခဲ့ကြခြင်းဖြစ်သည်။

" မြို့သစ်ရပ်ကွက်ရဲ့ဗုဒ္ဓပူဇေနိယပွဲတော်ဖြစ်တာနဲ့အညီ ကျွန်တော်တို့က ကြွရောက်လာတဲ့ သံဃာတော် အရှင်သူ မြတ်တွေကို ဆွမ်းဆန်စိမ်းနဲ့ပစ္စည်းလေးပါး လှူဒါန်းကြ တယ်၊ ရပ်ကွက်အတွင်းက စေတနာရှင်တွေ ကလည်း စတုဒိတာအလှူတွေ လှူဒါန်းကြတယ်၊ ဒီနှစ်မှာ ထူးခြားတာ က ဘုရားပင့်တဲ့အခါ နတ်တွေ သိကြားတွေနဲ့ ဆင်ယင်ပင့်ဆောင်ကြတာ" ဟု ယင်းပွဲတော်ကြီးတွင် လုပ်အားဒါန ပြုလုပ်ခဲ့သူ ကဒုံကနိ လူငယ်အဖွဲ့မှ ကိုဇင်မျိုးအောင်က ပြောသည်။

သာသနဝံသ ပရိယတ္တိစာသင်တိုက်အတွင်းရှိ စန္ဒမုနိ စေတီကြီးသည် ၁၂၉၃ ခု တပို့တွဲလဆန်း ၃ ရက် နေ့တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် မူလစေတီကို ငုံ၍ ၅၄ ပေ ဉာဏ်တော်မြင့် မွမ်းမံခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ထီးတော်တင်လှူခဲ့ပြီး ယင်းနောက်ပိုင်းမှ စတင်၍ ဗုဒ္ဓပူဇနိယဘုရားပွဲပြုလုပ်ခဲ့သည်မှာ ၅ ကြိမ် မြောက်ရှိပြီဖြစ်ကြာင်း သိရသည်။

" ဒီဘုရားကို စလှူကတည်းက စီးပွားရေးလည်း အဆင် ပြေသွားတယ်၊ ဒီဘုရား ဉာဏ်တော်မြင့်တော့လည်း အစ်မတို့က သိန်း ၂၀၀ မ တည်ပြီး လှူဖြစ်ခဲ့တယ်၊ ထီးတော် လည်းတင်ပြီးသွားရော ဘုန်းဘုန်းက ကဆုန်လပြည့်နေ့ တိုင်း ဘုရားပွဲလုပ်မယ်ဆိုတော့ အစ်မတို့ ရပ်ကွက်သူရပ်ကွက်သားတွေလည်း နှစ်စဉ်ဘုရားပွဲ လုပ်ဖြစ်တာပေါ့" ဟု အလှူရှင်တစ်ဦးဖြစ်သူ ဒေါ်သိန်းသိန်းက ပြောသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို နှစ်စဉ်နှစ်တိုင်းကျင်းပနေပြီး ယခုနှစ်တွင် လှူဒါန်းသူတွေအနေနှင့် သဒ္ဓါတရားပိုကောင်းလာသည်ဟု သာသနဝံသပရိယတ္တိစာသင်တိုက်က ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသက မဇ္ဈိမသို့ မိန့်ကြားသည်။

" ဒီနှစ်မှာ ရပ်ကွက်သားတွေက သဒ္ဓါတရားပိုမိုထက်သန် လာတာတွေ့ရတယ်၊ ပိုပြီး အလှူအတန်းတွေ ပိုလုပ်လာ ကြတယ်၊ အကျွေးအမွေးတွေလည်း ပေါလာတယ်၊ ဒီနှစ် ဆိုလည်း တစ်ကယ့်ကို အားတက် သရောပါပဲ၊ ဒီပွဲ အတွက် တော်တော်လေး အားထားလာကြတာကို တွေ့ရတာ ပေါ့နော်" ဟု ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသက မဇ္ဈိမကို မိန့် ကြားသည်။

ယင်းအလှူပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းတိုက် အသီးသီးက သံဃာတော်အရှင်သူမြတ် အပါး ၁၀၀ ကျော်ကို ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေအပါအဝင် ပစ္စည်း ၄ ပါး လှူဒါန်းကြသည့်အပြင် လမ်းတလျှောက်တွင်လည်း စတုဒီသာမဏ္ဍပ် ၁၀ ခု ဆောက်လုပ်ပြီး အလှူအတန်းပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly