ဘန်ကောက်ဗုံးခွဲမှုတွင် မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားဟု ထိုင်းရဲပြောကြား

ဘန်ကောက်ဗုံးခွဲမှုတွင် မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားဟု ထိုင်းရဲပြောကြား

ဘန်ကောက်၊ သြဂုတ် ၂၉ ။       ။ ထိုင်းနိုင်ငံ၏ ကြောက်မက်ရာ အကောင်းဆုံးဗုံးခွဲမှုတွင် ကျူးလွန်သူများကို လိုက်လံရှာဖွေနေသော ရဲတပ်ဖွဲ့သည် သြဂုတ် ၂၉က မသင်္ကာသူတစ်ဦးကို ဖမ်းမိခဲ့ပြီး ၎င်းမှာ လုံခြုံရေးကင်မရာတွင် တွေ့မြင်ရမှုအရ သြဂုတ် ၁၇က ဘန်ကောက်ရှိ အခင်းဖြစ်ရာနေရာတွင် ကျောပိုးအိတ်ထားသွားသော အမျိုးသားတစ်ဦး၏ အသွင်နှင့် ကိုက်ညီမှုရှိသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

ရဲတပ်ဖွဲ့သည် သြဂုတ် ၂၉က ဘန်ကောက်မြောက်ပိုင်းရှိ ၎င်းအမျိုးသား အသုံးပြုသော တိုက်ခန်းတစ်ခုကို စီးနင်းခဲ့ရာ ဗုံးလုပ်ရာတွင် အသုံးပြုနိုင်ဖွယ်ရှိသော ပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ်သာဝေါင်ဆီရီက ပြောသည်။

" ဒီမသင်္ကာတဲ့သူဟာ ကျွန်တော်တို့ရှာနေတဲ့ တစ်ယောက်နဲ့ တူပါတယ် "ဟု ၎င်းကပြောသည်။ " ရဲတပ်ဖွဲ့ဝင်တွေက ဗုံးလုပ်ရာမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေလည်း အများကြီးတွေ့တယ် "ဟု ၎င်းကဆို သည်။

သို့သော်လည်း ယခုဖမ်းဆီးထားသူမှာ လုံခြုံရေးကင်မရာထဲကလူ ဟုတ်မဟုတ် မရှင်းလင်းသေးဟု ဒု-ရဲချုပ် ဗိုလ်ချုပ်ကြီးချက်တစ်ပ်ချိုင်ဂျင်ဒါက တိုက်ရိုက်ရုပ်သံလွှင့်ထုတ်မှုတွင် သတင်းထောက်များ ကိုပြော ကြားခဲ့သည်။
"သူ့အခန်းထဲမှာတော့ ပတ်စ်ပို့ဒါဇင်ပေါင်းများစွာတွေ့ပါတယ်။ အဲဒါတွေက ဘယ်နိုင်ငံသားတွေနဲ့ ပတ်သက်နေလဲဆိုတာ စစ်ဆေးရဦးမှာပါ"ဟု၎င်းကဆိုသည်။ သြဂုတ် ၁၇က ဘန်ကောက်၏ အချက် အခြာနေရာရှိ အေရာဝန်ဟိန္ဒိူဘုရားရှိခိုးကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လူ ၂၀သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ကမ္ဘာလှည့်ခရီးသည်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly