အစ်ကိုဖြစ်သူက အိမ်ထောင်ရှိဇာတ်မြင့် အမျိုးသမီးကို ခိုးပြေးသဖြင့် နှမနှစ်ဦးကို မုဒိမ်းကျင့်အပြစ်ပေးမည့် ရပ်ရွာကောင်စီ၏ အမိန့်အား အိန္ဒိယအစိုးရက ပယ်ဖျက်ဖြေရှင်းပေးရန် လူ ၆၀,၀၀၀ကျော်က လက်မှတ်ရေးထိုးတင်ပြ

အစ်ကိုဖြစ်သူက အိမ်ထောင်ရှိဇာတ်မြင့် အမျိုးသမီးကို ခိုးပြေးသဖြင့် နှမနှစ်ဦးကို မုဒိမ်းကျင့်အပြစ်ပေးမည့် ရပ်ရွာကောင်စီ၏ အမိန့်အား အိန္ဒိယအစိုးရက ပယ်ဖျက်ဖြေရှင်းပေးရန် လူ ၆၀,၀၀၀ကျော်က လက်မှတ်ရေးထိုးတင်ပြ

နယူးဒေလီ၊ သြဂုတ် ၂၉ ။          ။ အစ်ကိုဖြစ်သူ၏ လုပ်ရပ်အတွက် နှမဖြစ်သူနှစ်ဦးကို မုဒိမ်းကျင့်ကာ လူ့ဂုဏ်သိက္ခာကျဆင်းအောင် ဇာတ်မြင့်များ ကြီးစိုးထားသောဒေသခံကောင်စီ တစ်ခု ကပြစ်ဒဏ်ချ မှတ်ချထားခြင်းအား အိန္ဒိယအစိုးရက ကြားဝင်စွက်ဖက်ဖြေရှင်းပေးရန် လူ ၆၀,၀၀၀ကျော်က Amnesty International UK (AI) ၏ အသနားခံလွှာတွင် လူ ၆၀,၀၀၀ကျော်က လက်မှတ်ရေးထိုးတောင်းဆို ခဲ့သည်။

အစ်ကိုဖြစ်သူက အိမ်ထောင်ရှိ ဇာတ်မြင့်အမျိုးသမီးတစ်ဦးကို ခိုးပြေးသွားသည့်အတွက် နှမနှစ်ဦးဖြစ်သည့် အသက် ၂၃နှစ်အရွယ် မီးနက်ရှီကုမာရီနှင့် အသက် ၁၅ နှစ်အရွယ်ညီမတို့သည် အပြစ်ပေးခံ ရသည့် အနေဖြင့် မုဒိမ်းကျင့်ခံရမည့်အပြင် အိုးမည်းသုတ်ထားသည့် မျက်နှာများဖြင့် လူကြားထဲ ကိုယ်လုံးတီးလမ်းလျှောက်ပြရမည်ဟု အိန္ဒိယနိုင်ငံ၊ ဘက်ပတ်ခရိုင် ရှိကျေးရွာတစ်ရွာ မှရွေးကောက်ခံ ရသူများမဟုတ်သည့် အမျိုးသားများသာပါဝင်သည့် ကောင်စီတစ်ခုက အမိန့်ချခဲ့သည်။

၎င်းတို့၏ အစ်ကိုမှာ ဇာတ်မြင့်သော Jat ဇာတ်မှ အိမ်ထောင်ရှင်အမျိုးသမီးကို ခိုးယူသွားသည့်အတွက် ယခုပြစ်ဒဏ်ကို သင့်လျော်သည့် အပြစ်ပေးမှုတစ်ခုအဖြစ် ထိုကောင်စီက ယူဆနေဟန်ရှိသည်။

ရာဗီဟု ခေါ်ဆိုသည့် အစ်ကိုဖြစ်သူမှာ Dalit ဇာတ်မှဖြစ်ပြီး အိန္ဒိယတွင် ဇာတ်အနိမ့်ဆုံးအနွယ်မှဖြစ်သည်။ ယခင်က untouchables (ဇာတ်မြင့်သူများက ၎င်းတို့၏ အသားကိုမထိရဟု တားမြစ်သည်) ဟုလည်းခေါ်သည်။ အပြစ်ပေးခံရနိုင်သည်ဟု စိုးရိမ်မှုများရှိသော်လည်း ၎င်းက သူ၏ချစ်သူကို ခိုးပြေးခဲ့သည်။

"ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အပြစ်ပေးမှုက ဘယ်နည်းနဲ့မှ တရားမျှတမှုမရှိနိုင်ပါဘူး၊ ဒါဟာ မမျှတဘူး။ မမှန်ဘူး။ ပြီးတော့ ဥပဒေနဲ့ ဆန့်ကျင်တယ်။ ဒေသဆိုင်ရာအာဏာပိုင်တွေက ဝင်စွက်ကြပါ လို့တောင်းဆိုပါတယ်"ဟု AI ကပြောသည်။ ထို့အပြင် ယင်းကိစ္စအား အိန္ဒိယအစိုးရက ဝင်ရောက်စွက်ဖက်ဖြေရှင်းပေးရန် တောင်းဆိုသည့် အသနားခံလွှာတွင် ကမ္ဘာတစ်ဝန်းက ပြည်သူများက လက်မှတ် ထိုးရန်လည်း AI ကတောင်းဆိုထားသည်။

၎င်းတို့၏ အန္တရာယ်ကင်းရှင်းမှုအတွက် ညီအစ်မနှစ်ဦးသည် မိသားစုနှင့်အတူ မေလကတည်းက ရွာမှထွက်ပြေးခဲ့သည်။ ထို့နောက်မကြာခင်မှာပင် ၎င်းတို့၏နေအိမ်မှာ လုယက်ခံရသည်။ Jat ဇာတ်မျိုးနွယ် များမှာ ထိုရွာတွင် အလွန်သြဇာကြီးကြောင်း မီးနက်ရှီ၏ နောက်အစ်ကို တစ်ဦးဖြစ်သူ ဆူမစ်ကူးမား၏ ပြောကြားချက်ကို ကိုးကား၍ AI ကပြောကြားခဲ့သည်။

ယင်းကဲ့သို့ဒေသကောင်စီများ၏ ဆုံးဖြတ်ချက်များမှာ တရားမဝင်ဟု တရားရုံးချုပ်က ပြောကြားခဲ့သော်လည်း ပြည်နယ်အသီးသီးတွင် ယင်းကဲ့သို့ တရားခွင်စစ်ဆေးမှုများကိုမူ မရပ်တန့်သေးပေ။ အကာအကွယ်ပေးရန်အတွက် မီးနက်ရှီသည် တရားရုံးချုပ်သို့ အသနားခံလွှာတင်ထားသည်။ ထို့အပြင် သူမ၏ရွာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ နှောင့်ယှက်မှုများကိုလည်း တိုင်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly