"ဝါးမယ်" ဆိုတဲ့ မြန်မာထမင်းဆိုင်လေးဖွင့်ထားတဲ့ ဟာသ သရုပ်ဆောင် ဖိုးဖြူ

"ဝါးမယ်" ဆိုတဲ့ မြန်မာထမင်းဆိုင်လေးဖွင့်ထားတဲ့ ဟာသ သရုပ်ဆောင် ဖိုးဖြူ

 

ရန်ကုန် ဧပြီ ၂၇ ။                 ။ ဟာသသရုပ်ဆောင် ဖိုးဖြူက "ဝါးမယ်" လို့ နာမည်ပေး ထားတဲ့ မြန်မာထမင်းဆိုင်လေး ဖွင့်လှစ်ထားပါတယ်။

ရန်ကုန်မြို့၊ သုဝဏ္ဏပန်းခြံအနီး၊ စစ်ကိုင်းစာသင်တိုက် မုဒ်ဦးရှိတဲ့လမ်းထဲမှာဖွင့်လှစ်ထားတာပါ။ ဒီဆိုင်ကလေးကို လွန်ခဲ့တဲ့ ၂ ကျော်ကတည်းကဖွင့်လှစ်ထားတာဖြစ်ပေမယ့် အခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ပြန်လည် ရေပန်းစားနေလာတာဖြစ်ပါတယ်။

အစပိုင်းမှာ ရှုတင်ထမင်းဟာင်းတွေ ချက်ရောင်းနေရာက အိမ်ရှင်မရဲ့လက်ရာကို လူကြိုက်များလာတဲ့အတွက် အခု လို ထမင်းဆိုင်လေး ဖွင့်ဖြစ်တာဖြစ်တယ်လို့ ဟာသသရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။

"အိမ်ရှင်မရဲ့ရှုတင်ထမင်းလက်ရာကို တော်တော် ကြိုက် ကြတယ်၊ လေးငါးရှစ်နှစ်လောက်လုပ်လိုပ်သေးတယ်၊ ရှုတင် ထမင်းကျွေးတယ်ပေါ့၊ ရှုတင်ထမင်းက လူတွေ အများကြီး သုံးရတယ်၊ လိုက်လည်းကျွေးရတယ်၊ ကိုယ်တို့ မှာ လူအင်အားမရှိဘူး၊ အဲဒါနဲ့ရှုတင်ထမင်းကို နားပြီး ဒီထမင်းဆိုင်လေး ဖွင့်ဖြစ်တာ" လို့ ဟာသသရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။

ဒီဆိုင်လေးမှာ အရသာရှိတဲ့ မြန်မာထမင်းဟင်းတွေကို ငွေကျပ် ၁၅၀၀ တည်းနဲ့ အသားဟင်းတစ်မျိုး၊ ချဉ်ရည် ဟာင်း၊ အရွက်ကြော်တစ်မျိုးအပြင် ငပိရည်၊ တို့စရာအစုံအလင်လေးနဲ့ အဝသုံးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆိုင်လေးမှာ Favourite အဖြစ်ဆုံးဟင်းက ငါးကြင်းဖြူ ငါးအရိုးနုပေါင်းဟင်းဖြစ်တယ်လို့ သိရပါတယ်။

" ဝါးမယ်ဆိုတဲ့ နာမည်က ဒီလိုပါ၊ ဘယ်ပစ္စည်းမဆို အဲဒီ ပစ္စည်းနာမည်က အရေးကြီးပါတယ်၊ အဲဒီနာမည်လေးကို နေစမ်းပါဦးကွာ … ဒီနာမည်လေးက ဘာပါလိမ့်ဆို စဉ်းစားနေရရင် မဟုတ်တော့ဘူး၊ ဒါကြောင့် တစ်ခါတည်း သိမယ့် မှတ်မိမယ့်နာမည်လေးကို ရွေးလိုက်တာပါ၊ ဝါးမယ် မြန်မာထမင်းဟင်း စာဖွယ်စုံဆိုပြီးတော့ပေါ့" လို့ ဟာသသရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။

"ဝါးမယ်" ဆိုတဲ့ ဒီဆိုင်လေးမှာ ဆန်အကောင်းစားနဲ့ ချက်ထားတဲ့ ထမင်းအပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေကြာဆီကိုသုံးပြီး အမြတ်အစွန်းကို အဓိကမထားဘဲ ရောင်းချပေးနေတယ်လို့လည်း ဟာသသရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။

အခုအခါမှာ ဟာသသရုပ်ဆောင် ဖိုးဖြူဟာာ ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သလို Bella အလှကုန် ကြော်ငြာအတွက် ဟာသသရုပ်ဆောင် အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်တို့နဲ့အတူ သရဲလေးကောင် ဟာသဇာတ်လမ်းတွဲ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly