လုပ်ငန်းခွင်လုံခြံုရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်က တာဝန်ယူသင့်ဟု EU ဆို

လုပ်ငန်းခွင်လုံခြံုရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်က တာဝန်ယူသင့်ဟု EU ဆို

ရန်ကုန်၊ ဧပြီ ၂၇ ။            ။ အလုပ်ရှင်သည် လုပ်ငန်းခွင်လုံခြံုရေးနှင့် ကျန်းမာရေး စသည်တို့အတွက် တာဝန်ယူသင့်ကြောင်း ဥရောပသမဂ္ဂသံအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ ဝင်နိုင်ငံ သံတမန်အဖွဲ့အစည်းများ၏ အကြီး အကဲများမှ ထုတ်ပြန်ကြေငြာချက်တစ်ခု ထုတ်ပြန်ကာပြောဆိုလိုက်သည်။

ကမ္ဘာ့လုပ်ငန်းခွင် လုံခြံုမှုရှိရေးနှင့် ကျန်းမာရေးဆိုင်ရာနေ့  ဧပြီလ ၂၈ ရက်အတွက် ဒေသတွင်း ဥရောပသမဂ္ဂ၏ကြေညာချက် ကို ဧပြီလ ၂၇  ရက်တွင်ထုတ်ပြန်ပြောဆို လိုက်ခြင်းဖြစ်သည်။

“ ကျွန်ပ်တို့အမြင်မှာ အလုပ်ရှင်သည် လုပ်ငန်းခွင်လုံခြံုရေးနှင့် ကျန်းမာရေးစသည်တို့အတွက် တာဝန်ယူသင့်ပါသည်။ တချိန်တည်း မှာပင် ခွင့်ပြုချက်များ လျှောက်ထားရခြင်းများစသဖြင့် စီးပွားရေးလုပ်ငန်းများအပေါ်တွင် မလိုအပ်သော အတားအဆီးများလည်း မချမှတ်သင့်ပါ “ ဟုအဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလုပ်သမားစံနှုန်းများ တိုးတက်စေရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းနယ်ပယ်တွင် တိုးတက်မှုရရှိရန် အစိုးရ၏ မျှော်မှန်းချက်ကြီးမားမှုကြောင့် EU နေဖြင့် အားတက်မိကြောင်းလည်းပြောသည်။

ထို့အပြင် လုပ်ငန်းခွင် လုံခြံုရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမူကြမ်းကို အစိုးရမှ လွှတ်တော်သို့ တင်ပြထားသည်ကိုကြိုဆိုလိုက်သည်။

အားလုံးပါဝင်မှုရှိကာ၊ စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရေး၊ လူအားလုံးတို့အတွက် ပြည့်ပြည့်ဝဝနှင့် ထုတ်လုပ်မှုစွမ်းအားကောင်းမွန်သော အလုပ်အကိုင်များရရှိစေရေး စသဖြင့် အစိုးရ၏ ယေဘုယျရည်မှန်းချက် တစ်စိတ်တစ်ဒေသအနေဖြင့် အလုပ်သမားစံနှုန်းများ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ရာတွင် EU အနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကုလသမဂ္ဂ၏ စာရင်းအင်းများအရ နှစ်စဉ်ကမ္ဘာတစ်ဝှမ်း၌ လူဦးရေ နှစ်သန်းကျော်တို့မှာ လုပ်ငန်းခွင်မတော်တဆမှုများ၊ ရောဂါများကြောင့် အသက်အိုးအိမ်များဆုံးရှုံးရလျက်ရှိပါသည်။

အလုပ်သမားများ အတွက် အန္တရာယ်များကို လျှော့ချပေးနိုင်ရန် နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း EU ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly