Miss Tourism Universe 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်

Miss Tourism Universe 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန် ၊ သြဂုတ် ၂၉ ။      ။ Miss Golden Land Myanmar Organization က  ရွေးချယ် ထားသည့် Miss  ငါးဦး အနက် Miss Tourism Myanmar 2015 ဆု ရရှိ ထားသည့် အလှမယ် နန်းဆိုင်အင်း သည် Miss Tourism Universe 2015 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စက်တင်ဘာ ၃ရက်တွင် လက်ဘနွန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Miss Tourism Universe 2015 ပြိုင်ပွဲသည် လက်ဘနွန် နိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ပြိုင်ပွဲ ကို စက်တင် ဘာ ၄ ရက် မှ  ၂၀ ရက် အထိ ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲ ကို စက်တင် ဘာ ၂၀ တွင် ကျင်းပမည် ဖြစ်သည်။

Miss Golden Land Myanmar Organization မှ National Director ကိုဝေယံအောင်က "  တကယ် လို့ ဒီပွဲမှာ သရဖူ မရခဲ့ရင် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံ မှာ ပြုလုပ်မယ့် Miss Tourism World ပြိုင်ပွဲကို ထပ်မံ သွားရောက် ယှဉ်ပြိုင် မှာပါ။ တကယ်လို့ သရဖူ ရခဲ့ရင်တော့ Miss Tourism World ပြိုင်ပွဲကို 1st runner up ရရှိ ထားတဲ့ စီစီအေးကိုက သွားရောက် ယှဉ်ပြိုင်မှာပါ" ဟု ပြောသည်။

Miss Tourism Universe 2015 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် Miss Tourism Myanmar 2015 နန်းဆိုင်အင်း အတွက် နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မပုံ့(My Favourite Collection) က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပြီး ညနေခင်း ဝတ်စုံ အတွက်ကို ဒီဇိုင်နာ ကိုသျှီလာက ဆောင်ရွက် ပေးမည် ဖြစ်သည်။

Miss Golden Land Organization က ၂၀၁၅ ခုနှစ် အတွက် အလှမယ်  ငါးဦး ရွေးချယ် ရာတွင် Miss Tourism Myanmar 2015 ဆု ကို နန်းဆိုင်အင်း ၊ Face of Beauty Myanmar 2015 ဆုကို ခြူးစစ်ဟန် ၊ Miss Intercontinental Myanmar 2015 ဆုကို W မေရှင်းစိန် ၊ Miss Earth Myanmar 2015 ဆုကို အိမ့်မျက်ခြယ် နှင့် Miss Supranational Myanmar 2015 ဆုကို Lဘောက်နူး တို့က ဆုများ အသီးသီး ရရှိခဲ့ကြသည်။

ယင်းအပြင် Miss Earth 2015 ပြိုင်ပွဲကို နိုဝင်ဘာလတွင် သြစတြေးလျနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး Miss Earth Myanmar 2015 အိမ့်မျက်ခြယ် မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

Miss Intercontinental 2015 ပြိုင်ပွဲကို နိုဝင်ဘာလ တွင် ဂျာမနီနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး Miss Intercontinental Myanmar 2015 W မေရှင်းစိန်က ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့အပြင် Face of Beauty International 2015 ပြိုင်ပွဲကို ထိုင်ဝမ်နိုင်ငံတွင် အောက်တိုဘာ ၄ ရက်မှ ၁၉ ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး Face of Beauty Myanmar 2015 ခြူးစစ်ဟန် မှ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။

Miss Supranational 2015 ပြိုင်ပွဲကို နိုဝင်ဘာလတွင် ပိုလန် နိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး Miss Supranational Myanmar 2015 Lဘောက်နူး မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly