ပြင်ဦးလွင်ထွေအုပ် ၂ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထောင် ၁၀ နှစ် အမိန့်ချ

ပြင်ဦးလွင်ထွေအုပ် ၂ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထောင် ၁၀ နှစ် အမိန့်ချ
(ဓာတ်ပုံ၊နိုင်မိုးရန်)

မန္တလေး၊ ဧပြီ ၂၆ ။            ။ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေဖြင့်ဧပြီလ ၂၆ ရက်၊မွန်းလွဲပိုင်းက မန္တလေးတိုင်းတရားလွှတ်တော်မှ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ လိုက်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အထွေထွေအုုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်တို့သည် မန်ကျည်း အင်း ကျေးရွာနှင့် ဝါးနက်ကျေးရွာတို့မှမြေများကို ပြည်ထဲရေးအမည်ပေါက်ရရှိအောင် ဆောင်ရွက်ပေးမည် ဟု ဆိုကာ မြေပိုင်ရှင်များထံမှ ငွေကြေးတောင်းယူခဲ့သည့်အတွက် ကမ္ဘာမြေအောင်ကုမ္ပဏီနှင့် ရွာသားများက မြန်မာနိုင်ငံအဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခဲ့ရာမှ ကော်မတီမှ စစ်ဆေးပြီးနောက် စစ်ဆေးရေးမှူး ဦကောင်းဇော်သန့်က အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၈ ရက်တွင် စတင်စစ်ဆေးခဲ့ပြီး ယနေ့ ဧပြီလ ၂၆ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးသည် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က မကျည်းအင်း ကျေးရွာသစ်ကို ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့ပေးရန်ကိစ္စနှင့်ပတ်သက်၍ ရွာသားမျာထံမှ ၅၀၀၀၀ ကျပ်တန်လက်ဆောင်ပစ္စည်းခြင်းတစ်ခြင်းနှင့် ငွေ ၅၀၀၀၀၀ ကျပ် လက်ခံရယူခဲ့ပြီး ၎င်းလ ၂၉ ရက်တွင်လည်း ၁၁၅၀၀ ကျပ် တန်ဖိုးရှိ ပုဆိုး၊ အကျင်္ ီ်နှင့် ကျပ်သိန်း ၃၀၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကျပ်သိန်း ၃၀ လက်ခံထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြင်ဦးလွင် မြို့မရဲစခန်းတွင် တစ်ခုချင်းစီအတွက် အမှုများဖွင့်ခဲ့ခြင်းဖြစ်သည်။

ဒုတိယဦးစီးမှူး ဦိးကျော်ကျော်နိုင်သည်လည်း မကျည်းအင်းကျေးရွာကို ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့ပေးရန်ကိစ္စနှင့်ပက်သက်ပြီး ရွာသားများထံမှ ကျပ် ၁၅၀၀၀ တန်ဖိုးရှိ အကျင်္ ီ၊ပုဆိုး၊ နေ့လည်စာဧည့်ခံစရိတ် ၂၅၀၀၀ ကျပ်နှင့် ကျပ်သိန်း ၅၀ ကို ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့်အတူ ကျေးရွာဒေသခံများထံမှ ငွေကြေးများရယူရာတွင်ပါဝင်ခဲ့သည့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦအောင်စိုးမိုးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ထားလျှက်ရှိပြီး ပြင်ဦးလွင်မြို့နယ်တရားရုံးက စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly