ကုလ ကိုယ်စားလှယ်အဖွဲ့ လာမည့်သီတင်းပတ်မှာ ရခိုင်ပြည်နယ်သို့ လာရောက်မည်

ကုလ ကိုယ်စားလှယ်အဖွဲ့ လာမည့်သီတင်းပတ်မှာ ရခိုင်ပြည်နယ်သို့ လာရောက်မည်
ဓာတ်ပုံ - အေးချမ်းခိုင်

 

ဧပြီ ၂၆ ။             ။ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့တစ်ခု လာမည့် ဧပြီ ၃၀ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း အဆင့်မြင့် အစိုးရအရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ ကုလ ကိုယ်စားလှယ်အဖွဲ့မှာ ဘင်္ဂါလီ ဒုက္ခသည် အကျပ်အတည်း၏ တိုက်ရိုက် သက်ရောက်မှုအခြေအနေကို ကြည့်ရှုလေ့လာချင်နေလျက်ရှိကြောင်း သိရသည်။

အလားတူ အဆိုပါ ခရီးစဉ်အစီအစဉ်မှာ ယမန်နှစ် သြဂုတ်လ ရခိုင်ပြည်နယ် ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း ကုလသမဂ္ဂ၏ အဆင့်မြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့တစ်ခု ရခိုင်သို့ လာရောက်ခြင်း ဖြစ်လာမည်ဖြစ်သည်။

လုံခြံုရေးကောင်စီအနေဖြင့် အဆိုပါခရီးစဉ်ကို ဖေဖော်ဝါရီကတည်းက လာရောက်ရန် မူလက အဆိုပြုခဲ့သော်လည်း မြန်မာအစိုးရဘက်က မှန်ကန်သင့်တော်သည့်အချိန်မဟုတ်ဟု ဆိုကာ ပြောထားခြင်း ဖြစ်သည်။ သို့သော် ယခုလအစောပိုင်းကမူ ကောင်စီဝင် သံအမတ် ၁၅ ဦးပါ အဖွဲ့တစ်ခု လာရောက်မည့်ကိစ္စကို အစိုးရဘက်က အတည်ပြုချက်ပေးလိုက်ခြင်း ဖြစ်သည်။

" သူတို့ လာမယ့် တနင်္လာနေ့( ဧပြီ ၃၀) နေပြည်တော်ကို ရောက်လာကြပါလိမ့်မယ်၊ ပြီးတော့ နောက်တစ်နေ့မှာပဲ ရခိုင်ကို  ဆက်သွားမှာဖြစ်ပါတယ်" ဆိုပြီး မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသွားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags